ရေဦးမြို့နယ်နှင့်တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၇၀ ဝန်းကျင်ပျက်စီးဆုံးရှုံးသွားကြောင်းတရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်သတင်းအမှားများရေးသားဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၄` နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နှင့်တန့်ဆည်မြို့နယ်ရှိကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက နိုဝင်ဘာ(၁၆)ရက်မှ(၁၉)ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအတု သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ရက်များတွင် ၎င်းကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောနယ်မြေလုံခြုံရေးလုပ်ငန်းများ အား ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုရှိခဲ့သော်လည်း ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ကျေးရွာများအတွင်း တရားမဝင်ခိုအောင်းနေထိုင်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတီပုထိုးများ၊ စာသင်ကျောင်းများ၊ နေအိမ်များ အကာအကွယ်ရယူ၍ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိစေရန် ချောင်းမြောင်းပစ်ခတ်ခြင်း၊ အလစ်အငိုက်တိုက်ခိုက်ခြင်းများ လုပ် ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ရပ်ကွက်/ကျေးရွာများအား ခေါင်းစဉ် အမျိုးမျိုးတပ်၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိ သည်မှာ ပြည်သူများအသိပင်ဖြစ်ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှား စေရန် ရည်ရွယ်၍ မဟုတ်မမှန်သတင်းများအား လူမှုကွန်ယက် ပေါ်တွင် ရေးသားဖြန်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။