လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု၌ ဝင်ငွေတိုးစီမံကိန်းဖြင့် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်အောင်မြင် ကျေးရွာအုပ်စု ပေါက်တောကျေးရွာ အုန်းတောပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာမှ ရပ်မိရပ်ဖများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားကာ သင်တန်း ကော်မတီဝင်များကို ဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းတွင် လက်တွေ့သင်ကြားမည့်ရက်ကန်းစင်များ၊ သင်တန်း အထောက်အကူပြု ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများကို လယ်ဝေးမြို့နယ် ခုတင်-၁၀၀ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များက ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးနေမှုနှင့် အငြိမ်းစားလစာ ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီမှထောက်ပံ့သည့် ဆန်နှင့် ကြက်ဥများကို အငြိမ်းစား ဝန်ထမ်းတစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ကာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံကန်တွင် ဒက္ခိဏသီရိမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး ကျင်းပသည့် စက်တပ်ရေယာဉ်မောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက သင်တန်းသားများအား နေပြည်တော် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိတ်များကို ပေးအပ်ပြီး ဆင်အုံကန်အတွင်း စက်တပ်ရေယာဉ်စမ်းသပ်မောင်းနှင်ခြင်း သရုပ်ပြသမှုနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ရေပြင်အသက်ကယ်လုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသ ထားမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် Park Royal Hotel နှင့် Horizon Lake View Resort တို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ် မီးသုံးစွဲနေမှုအခြေအနေများ၊ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအုပ်စု မယ်ဇလီကုန်းကျေးရွာကွင်းအမှတ် (၁၆၆၉) တွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သည့် စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်းဆိုလာရေတင်စနစ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်း အတွင်း သန့်ရှင်းသာယာ လှပရေး၊ နေပြည်တော်မြို့မဈေးအနီး သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော် ကိုယ်စားပြု အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။