ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားအစီအစဉ်တွင် ဖျော်ဖြေတင်ဆက်မည့် အကအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်
ရန်ကုန် နိုဝင်ဘာ ၂၂
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ ၉ ရက် မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနား အစီအစဉ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဖျော်ဖြေတင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကအစီအစဉ်၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ တာဝန်ယူ ဆောင်ရွက်မည့် ကုန်းဘောင်ခေတ်နှင့် အင်းဝ ခေတ်အကများကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ခမ်းနားလှပစွာ တင်ဆက်ဖျော်ဖြေနိုင်ရေးအတွက် သဘင်ပညာဌာနမှ ဆရာမများ ကြီးကြပ်၍ ကျောင်းသူဦးရေ
၁၀၀နှင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။