ကောက်ညှင်းငချိပ်၏ကျန်းမာရေးကောင်းကျိုးများ
ဒေါက်တာလွင်သန့်
မြန်မာ့ရိုးရာအစားအစာ ကောက်ညှင်း ငချိပ်ကို ပေါင်းစားတာ၊ ငှက်ပျောသီး၊ ကြက်သား၊ ဝက်သားတို့နဲ့ရောပြီး ကောက် ညှင်းထုပ် ထုပ်စားတာ၊ တချို့ကလည်း အုန်းနို့၊ နွားနို့တို့နဲ့ရောပြီး စားသုံးတတ်ကြပါတယ်။ ကောက်ညှင်းငချိပ်က ခန္ဓာ ကိုယ်အတွက် ကောင်းကျိုးတွေများစွာရရှိနိုင်ပါတယ်။
နေရောင်ခြည်ဒဏ် ကာကွယ်ပေးပါ တယ်။ ကောက်ညှင်းငချိပ်မှာ အာဟာရ ဓာတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေများစွာရရှိစေပါတယ်။ ကောက်ညှင်းငချိပ်မှာ သဘာဝ အင်တီအောက်စီးဒင့်ဖြစ်တဲ့ အန်သိုသိုင် ယာနင်ဒြပ်ပေါင်းပါဝင်ပါတယ်။ အဲဒီဒြပ် ပေါင်းက နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်း လွန်ရောင်ခြည်တွေ ခန္ဓာကိုယ်ကို မထိ ခိုက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဦးနှောက်ကျန်းမာရေးကို ထိန်းပေးပါတယ်။ ကောက်ညှင်းငချိပ်စားခြင်းကဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ဖွံ့ဖြိုးတိုးတက်စေဖို့ကူညီပေးပါတယ်။ လေ့လာ မှုတွေအရ ခန္ဓာကိုယ်တွင်းမှာ ဖော့စဖရပ် ဓာတ်လျော့နည်းတဲ့အခါ ဦးနှောက်နဲ့အာရုံကြောတွေချိတ်ဆက်မှုနဲ့ အာရုံ ကြောဆိုင်ရာပြဿနာတွေဖြစ်ပေါ်ပြီး အယ်လ်ဇိုင်းမားရောဂါနဲ့သက်ကြီးသတိမေ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေများ ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာရေး ကောင်းမွန်ပြီး အသက်အရွယ်ကြီးလာတဲ့အခါ ဦးနှောက်အာရုံကြောဆိုင်ရာပြဿနာတွေမဖြစ်အောင် ကောက်ညှင်း ငချိပ်ကို စားသင့်ပါတယ်။
သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်စေ ပါတယ်။ ကောက်ညှင်းငချိပ်က ဆီးချိုသွေးချိုရောဂါအတွက် စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက နေ အင်ဆူလင်မထုတ်လုပ်တာနဲ့ ခန္ဓာ ကိုယ်ထဲမှာရှိနေတဲ့အင်ဆူလင်က အလုပ် မလုပ်တာ စတာတွေကြောင့် ဖြစ်လာတဲ့ဆီးချိုသွေးချိုရောဂါတွေမှာ အင်ဆူလင် က ခန္ဓာကိုယ်အတွက် ကောင်းစွာ ထိရောက်စေပါတယ်။
အရိုးနဲ့သွားကျန်းမာရေးကို ထိန်းပေး ပါတယ်။ ကောက်ညှင်းငချိပ်မှာပါတဲ့ ဖော့စဖိတ်နဲ့ ကယ်လ်စီယမ်က အရိုးနဲ့ သွားတွေကျန်းမာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
ဆာလောင်မှုမရှိအောင် ထိန်းထားနိုင် ပါတယ်။ ကောက်ညှင်းငချိပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ စွမ်းအင်ဓာတ်တွေများစွာ ပါဝင်တာကြောင့်အချိန်ကြာကြာဗိုက်ပြည့်တင်းစေပါတယ်။ ကောက်ညှင်းငချိပ် စားသုံးပြီးတဲ့အခါ တော်ရုံနဲ့ဗိုက်မဆာဘဲ ဗိုက်ပြည့်တင်းနေတာကြောင့် အစားအသောက်တွေ မကြာခဏမစားမိနိုင် တော့လို့ ကိုယ်အလေးချိန်မတက်အောင် လည်း ထိန်းထားပေးနိုင်ပါတယ်။
အနာကျက်မြန်စေပါတယ်။ ခန္ဓာကိုယ် မှာ ပရိုတင်းဓာတ်ပြည့်ဝစေဖို့ ကောက် ညှင်းငချိပ်စားသင့်ပါတယ်။ ပရိုတင်းဓာတ် လုံလောက်တဲ့အခါ ခန္ဓာကိုယ်တွင်း အနာ ကျက်မြန်စေပြီး ဆဲလ်အသစ်တွေဖြစ် ပေါ်မှုကိုလည်း အားပေးပါတယ်။
အရေပြားကျန်းမာရေးကို ထိန်းပေးပါ တယ်။ ကောက်ညှင်းငချိပ်က တခြားဆန် အမျိုးအစားတွေလို အရေပြားရဲ့အစိုဓာတ် ကိုထိန်းပေးပြီး အသားအရေကိုအေးစေ ပါတယ်။ မျက်နှာကြေးချွတ်ဖို့နဲ့ ပေါင်းတင် ဖို့အတွက် ကောက်ညှင်းငချိပ်ကိုအသုံးပြုနိုင်ပြီး ဆဲလ်သေတွေဖယ်ရှားပေးတာ၊ဆဲလ်အသစ်ဖြစ်ပေါ်တာကိုလည်း အားပေး ပါတယ်။ ကောက်ညှင်းငချိပ်ကို တစ်ည ရေစိမ်ပြီး မွှေစက်ထဲရေအနည်းငယ် ထည့်ကျိတ် ရလာတဲ့အနှစ်ရည်ကို မျက်နှာ မှာလိမ်းပေးပြီး စက်ဝိုင်းပုံစံညင်သာစွာ ပွတ်ပေးသင့်ပါတယ်။ ပြီးရင် ရေကြက်သီး နွေးနဲ့ ဆေးကြောသန့်စင်သင့်ပါတယ်။
အင်တီအောက်စီးဒင့်တွေ ပါဝင်ပါတယ်။ ကောက်ညှင်းငချိပ်မှာပါဝင်တဲ့အင်တီအောက်စီးဒင့်က ခန္ဓာကိုယ်သက်လုံ ကို ကောင်းစေပါတယ်။ အင်တီအောက်စီး ဒင့်က ခန္ဓာကိုယ်တွင်းဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးပြီး ကင်ဆာရောဂါ သို့မဟုတ် အဖုအကျိတ်တွေဖြစ်ပေါ်မှုကို လည်း တားဆီးပေးပါတယ်။ ဒါ့ပြင်အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကောက်ညှင်းငချိပ် မှာပါဝင်တဲ့သံဓာတ်ကသွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ တစ်ပတ်ကိုနှစ်ကြိမ် သို့မဟုတ် သုံးကြိမ်စားသင့်ပါတယ်။ သွေးလည်ပတ် မှုအဖွဲ့အစည်းမှာ သွေးနီဥထုတ်လုပ်ဖို့ အတွက် သံဓာတ်က မရှိမဖြစ်လိုအပ်ပါ တယ်။ သံဓာတ်ချို့တဲ့ရင် သွေးနီဥထုတ် လုပ်မှုကိုလျော့နည်းသွားစေပြီး သွေးအား နည်းရောဂါဖြစ်စေနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်လျော့နည်းစေဖို့အတွက် ဈေးကြီးတဲ့ဖြည့်စွက်စာ တွေ၊ ဆေးဝါးတွေသောက်သုံးမယ့်အစားကောက်ညှင်းငချိပ် စားသုံးနိုင်ပါတယ်။ကောက်ညှင်းငချိပ်ထမင်းစားဇွန်း(၂-၃)ဇွန်းကိုရေဆေး၊ ဖန်ခွက်ထဲထည့်ပြီး ရေနွေး ပူပူထည့်ပါ။ ရေအေးသွားတဲ့အထိ အဖုံး အုပ်ထားပါ။ အနည်းဆုံးအချိန်တစ်နာရီ လောက်ထားပြီး အဲဒီအရည်ကို နံနက်စာ၊ နေ့လယ်စာနဲ့ ညစာမစားခင် သုံးကြိမ်သောက်ပေးနိုင်ပါတယ်။ သွေးတွင်းဆီးချို ပမာဏပုံမှန်ဖြစ်သွားပြီဆိုရင် ဆီးချို သွေးချိုကို ပုံမှန်ပမာဏအတွင်းရှိနေအောင် ထိန်းထားနိုင်ဖို့ တစ်ပတ်ကိုနှစ် ကြိမ်လောက် သောက်ပေးသင့်ပါတယ်။
ကောက်ညှင်းငချိပ်ပေါင်းဆိုတာ မြန်မာ လူမျိုးတွေရဲ့ အကြိုက်ဆုံးအစားအစာ တစ်ခုဖြစ်ပါတယ်။ကောက်ညှင်းငချိပ်ကို အရသာမှုန့်အနည်းငယ်၊ မြေပဲဆီ၊ ပဲပြုတ်၊ နှမ်းထောင်း တို့နဲ့ရောနယ်ပြီး ငါးခြောက်ဖုတ်၊ အုန်းသီးတို့နဲ့ တွဲပြီးစားနိုင်ပါတယ်။ ကောက်ညှင်း ငချိပ်ပေါင်းကို မနက်အဆာပြေစာအနေနဲ့စားကြတဲ့အပြင် သရေစာအနေနဲ့ လည်း စားသုံးကြပါတယ်။ ကောက်ညှင်း ငချိပ်က အာဟာရပြည့်ဝတဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးနိုင်ကြောင်းရေးသားလိုက်ရပါတယ်။