မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ  သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ  သိမ်းဆည်းရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ကျိုက်ကွမ်း (ခ)အိုက်ကွမ်း မောင်းနှင်ပြီး    စိုင်းလ လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ကိုလည်းကောင်း၊   အလားတူ မွန်းလွဲ ၁ နာရီခွဲတွင် တန့်ယန်းမြို့၊  ရပ်ကွက်(၅)တွင် စိုင်းခမ်းလူမောင်းနှင်လာသည့် ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၃၀၀၀၀  ကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်- တောင်ကြီးသွားကားလမ်းတွင် ခွန်နေဝင်း မောင်းနှင်ပြီး စိုးသူ လိုက်ပါလာသည့် Light Truck အမျိုးအစားမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၉ သိန်းကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။