သာစည်နှင့်ရေးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဒီဇင်ဘာ ၁၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၃ ရက် ည ၇ နာရီမိနစ် ၄၀ တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဝင်းဇော်အောင်(ခ)နန္ဒ မောင်းနှင်ပြီး သက်နိုင်နှင့် မင်းမင်းအောင်တို့ လိုက်ပါလာသည့် DAIHATSU ATRAI မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၀၀၀၀၊ မြန်မာငွေကျပ် ၁၈ ဒသမ ၅ သိန်းကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ရွာသစ်ဓမင်းဆိပ်ကျေးရွာရှိ စိုးမွန်(ခ)ပလိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၊ မြန်မာငွေကျပ် ၅ သိန်းသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။