ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

 

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

 

၁။        လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

            (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

            (ခ)      လျှောက်ထားသူသည် ၁၀-၂-၂၀၂၅ ရက်နေ့တွင် အသက် ၁၇ နှစ်အောက်မငယ်ရ၊ ၂၀ နှစ်ထက်မကြီးရ။

            (ဂ)      တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

            (ဃ)    မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

            (င)      အနည်းဆုံး အရပ်(၅)ပေ(၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက် မကျော်ရ။

၂။        လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www. myawady.net.mm/Sgt(male)) တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၇-၁၂-၂၀၂၄ ရက်နေ့မှ ၂၉-၁-၂၀၂၅ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

            (က)    နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။      

            (ခ)      တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

            (ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

            (ဃ)    တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။

            (င)      အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)(မိတ္တူ)။

            (စ)      မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်။  

၃။        သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ဌာနချုပ်များ အစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊ အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၄။        သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။        သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ (၁၄၄ဝဝဝ)ကျပ် ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်း ပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ(၁၅ဝဝဝဝ)ကျပ်ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) အခြေခံလစာ(၂၀၄ဝဝဝ)ကျပ်၊ အရည်အချင်း လစာ(၄၀၀၀)ကျပ်နှင့် စရိတ်များခံစားခွင့်ရရှိမည်။

၆။        လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့် /အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး  ယှဉ်တွဲဖော်ပြပါလစာများခံစားခွင့်ရှိမည်-

                                          အဆင့်အတန်း                               အခြေခံ        အရည်အချင်း      ပေါင်း

                                                                                              လစာ           လစာ

            (က)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ဒုတိယတန်း)   ၂ဝ၄ဝဝဝ               ၆ဝဝဝ           ၂၁၀၀၀၀

            (ခ)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ပထမတန်း)      ၂ဝ၄ဝဝဝ               ၈ဝဝဝ           ၂၁၂၀၀၀

            (ဂ)ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                ၂၄ဝဝဝဝ                ၈ဝဝဝ           ၂၄၈၀၀၀

            (ဃ)အရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                          ၂၅၈ဝဝဝ               ၈ဝဝဝ          ၂၆၆၀၀၀

            မှတ်ချက်။      နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝဝဝဝ)ကျပ်အထိ ခံစားခွင့်ရှိသည်။

၇။        တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် ဆက်လက်ဖြေဆိုနိုင်သည်။

၈။        ဘွဲ့ရရှိပြီးသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း၊ ဘွဲ့မရ သေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထားနိုင်သည်။

၉။        ထို့အပြင် ဘွဲ့ရရှိပြီးသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း ၊ ရေ ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူသွားရောက်၍  အမှုထမ်းဆောင်နိုင်ခွင့်ရှိသည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။