ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်
၁။ လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် ၁၀-၃-၂ဝ၂၅ ရက်နေ့တွင် အသက် ၁၇ နှစ်အောက်မငယ်ရ၊ ၂၀နှစ်ထက်မကြီးရ။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။
(ဃ) မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။
(င) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့် အထက်ရှိရမည်။
(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)
၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www. myawady.net.mm/Sgt(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၇-၁၂-၂၀၂၄ ရက်နေ့မှ ၂၃-၁-၂၀၂၅
ရက်နေ့အတွင်း နီးစပ်ရာတပ်/ ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့်နေ့ မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။
(ဃ) တစ်လအတွင်း ရိုက်ကူးထားသောပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။
(င) အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)(မိတ္တူ)။
(စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်။
၃။ သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှ ပဏာမရွေးချယ်ပါမည်။ ပဏာမရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။
၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။
၅။ သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ် လစာ(၁၄၄ဝဝဝ)ကျပ်ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ တပ်သားအခြေခံလစာ (၁၅၀ဝဝဝ)ကျပ်ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) အခြေခံလစာ(၂၀၄ဝဝဝ)ကျပ်၊ အရည်အချင်းလစာ(၄ဝဝဝ)ကျပ်နှင့် စရိတ်များခံစားခွင့်ရရှိမည်။
၆။ လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့်/အတန်းတိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ယှဉ်တွဲဖော်ပြပါ လစာများခံစားခွင့်ရှိမည်-
အဆင့်အတန်း အခြေခံ အရည်အချင်း ပေါင်း
လစာ လစာ
(က)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ဒုတိယတန်း) ၂၀၄ဝဝဝ ၆ဝဝဝ ၂၁၀ဝဝဝ
(ခ)တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)(ပထမတန်း) ၂၀၄ဝဝဝ ၈ဝဝဝ ၂၁၂ဝဝဝ
(ဂ)ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ) ၂၄ဝဝဝဝ ၈ဝဝဝ ၂၄၈ဝဝဝ
(ဃ)အရာခံဗိုလ် (စာရေး/ကွန်ပျူတာ) ၂၅၈ဝဝဝ ၈ဝဝဝ ၂၆၆ဝဝဝ
မှတ်ချက်။ နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝဝဝဝ)ကျပ်အထိ ခံစားခွင့်ရှိသည်။
၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် ဆက်လက်ဖြေဆိုနိုင်သည်။
၈။ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်ရေးအတွက် သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့်အချိန်တွင် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအတွက် စစ်ရာထူးခန့်ချုပ်ရုံးမ ှလျှောက်လွှာခေါ်ယူသည့်အခါ လျှောက်ထားနိုင်သည်။
မှတ်ချက်။ အသေးစိတ်သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။
