တောင်ကိုရီးယား၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ရုတ်တရက်ပြန်မြင့်တက်

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယားနိုင်ငံ၌   ခြေရာခံမရသေးသော နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုများကြောင့်  သြဂုတ် ၁၄ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ရုတ်တရက်ပြန်မြင့်တက်လာပြီး ၁၀၃ ဦးရှိ ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် ဗိုင်းရပ်ကူးစက်မှုအသစ်များက နိုင်ငံ၏ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ဆောင်ရွက် ချက်များကို လျော့ပါးစေနိုင်သည်။ ဗိုင်းရပ်ကူးစက်ခံရသူများအနက် ၁၃ ရာခိုင်နှုန်းကျော်၏ ဆက်နွှယ်မှုကိုမသိရသေးသောကြောင့် အခြေအနေမှာ စိုးရိမ်ဖွယ်ကောင်း နေသည်။

အားလပ်ရက်ရာသီအတွင်း နေ့စဉ်ဗိုင်းရပ်ကူးစက်မှု မြင့်တက်နေခြင်းမှာ စိုးရိမ်ရသော အခြေ အနေဖြစ်ကြောင်း၊ ရောဂါလက္ခဏာမပြသူ သို့မဟုတ် ရောဂါမပြင်းထန်သူများသည် အသံ တိတ် ဗိုင်းရပ်ဖြန့်ဖြူးသူများဖြစ်နိုင်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကွမ်ဂျွန်ဝု ကပြောသည်။

ယခုဗိုင်းရပ်ကူးစက်ခံရသူ ၁၀၃ ဦးအနက် ၈၅ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၈ ဦးမှာ ပြည်ပမှဖြစ်ကြောင်း၊ ပြည်တွင်း ကူးစက်မှုများအနက် အများစုမှာ ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ဖြစ်ပွားသော ကူးစက်မှုများနှင့် ဆက်နွှယ်နေကြောင်း သိရသည်။

အကယ်၍ ဗိုင်းရပ်ကူးစက်မှု အခြေအနေဆိုးဝါးပါက ဆိုးမြို့နှင့် အနီးရှိဒေသများတွင် လူစု လူဝေးမပြုရေး တင်းကျပ်သောစည်းမျဉ်းများ ပြန်ချမှတ်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ်က သြဂုတ် ၁၄ ရက်တွင်ပြောသည်။ 

Ref: The Straits Times