ပီလောပီနံမှရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ

 

ပီလောပီနံမှရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ

 

      လူသားတို့အာဟာရအတွက်  အဓိက စားသုံးသီးနှံလေးမျိုးဖြစ်သည့်  ဆန်၊  ဂျုံ၊ ပြောင်းနှင့် ပီလောပီနံတို့တွင် ပီလောပီနံမှာ အရေးပါသောသီးနှံတစ်မျိုးဖြစ်သည်။  စိုက်ပျိုးရလွယ်ကူ၍ ဝင်ငွေရသီးနှံတစ်မျိုး ဖြစ်ပြီး  ပီလောပီနံစိုက်ပျိုးပြီးသည်နှင့် တစ်ပြိုင်နက်      သက်တမ်းတိုဟင်းသီး ဟင်းရွက်၊  ပြောင်း၊ နေကြာတို့ကို  သီးညှပ် စိုက်ပျိုးနိုင်၍   ဝင်ငွေနှစ်ခု ရရှိနိုင်သည်။ ပီလောပီနံကို       တချို့ဒေသများတွင် ကလောပင်ဟုခေါ်သည်။      နှစ်ရှည်ခံချုံပုတ်ပင် အမျိုးအစားဖြစ်ပြီး ပင်စည်မှာ မာကျော၍       အူတိုင်အခေါင်းပွသည့် ကြက်ဆူ၊ ကနခို၊ ဆီးဖြူ၊ သျှိသျှား၊ ကြက် သဟင်းစသည်တို့နှင့်     မျိုးရင်းဆင်တူသည့်  Euphorbiaceae  မျိုးရင်းဝင်အပင် ဖြစ်သည်။

ပီလောပီနံကို Tapioca သို့မဟုတ် Cas-sava   ဟုခေါ်ပြီး  ရုက္ခဗေဒအမည်အရ Manihot  Utilissima (Phot)  ဟုလည်း ကောင်း၊   Manihot Esculenta   (Crantz) ဟုလည်းကောင်း၊ Yucca နှင့် Manico ဟု လည်းကောင်း    အမျိုးမျိုးခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ  Manihot    Esculenta ဖြစ်သည်။ ပီလောပီနံသည် Euphorbia-ceae   မျိုးရင်းဖြစ်ပြီး ယခင်က ပီလောပီနံ တွင်   ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် အက်စစ်  ပါဝင်သောကြောင့်    အဆိပ်ရှိသော သီးနှံအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ကန်စွန်း ဥ နှင့်   အာလူးတို့ ကဲ့သို့  အညိုရောင်ရင့်ရင့် အခွံရှိပြီး အတွင်းသားအဖြူရောင်၊  ခပ်စေး စေးနှင့်   အရသာဆိမ့်ဆိမ့်ရှိသည့်ပီလောပီနံကို   နောက်ပိုင်းတွင်    စားစရာတစ်ခု အဖြစ်သတ်မှတ်ပြီး   စားသုံးလာကြခြင်း ဖြစ်သည်။

ပီလောပီနံအမျိုးအစားနှင့် အဆိပ်သင့်နိုင်မှု

    ပီလောပီနံတွင်  အချိုနှင့်အခါးဟူ၍ နှစ်မျိုးရှိပြီး  အခါးမျိုးက  အချိုမျိုးထက် ဂလူကိုဆိုက်အဆိပ်ပါဝင်မှု  နှစ်ဆပိုများသည်။  ထို့ကြောင့်  ပီလောပီနံဥအစိမ်း ကိုမပြုတ်မီ  ခါးသက်မှုအပြင်း၊ အပျော့ပေါ်မူတည်ကာ အပူပေးကြာမြင့်ချိန်ကို ချိန်ဆ ၍ပြုတ်သင့်သည်။   ထို့ပြင်   ပီလောပီနံအမှုန့်ကို အစားအစာ၊ ဟင်းလျာများတွင် မချက်ပြုတ်မီ ဦးစွာမီးဖိုပေါ် အိုးကင်းထည့် လှော်ပေးခြင်းဖြင့်လည်း ပါဝင်သောအဆိပ် ကို  ၃၀  ရာခိုင်နှုန်းမှ ၇၀  ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။ မိုးခေါင်ပြီး ခြောက် သွေ့သောဒေသထွက်    ပီလောပီနံဥတွင် အဆိပ်ဖြစ်လာနိုင်သော ဓာတ်ပေါင်းပါဝင် မှုပိုများသည်။

ပီလောပီနံအသုံးပြုပုံများ

     ပီလောပီနံအရွက်နှင့်ဥတို့ကို  လူတို့ တိုက်ရိုက်စားသုံးနိုင်ပြီး အရွက်၊ ပင်စည် နှင့်ဥတို့အား တိရစ္ဆာန်အစာအဖြစ် တိုက်ရိုက်အသုံးပြုနိုင်သည်။    ပီလောပီနံဥမှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ကော်ရည်၊ ကော်မှုန့်၊ အချိုမှုန့်၊ ခေါက်ဆွဲ၊ ကြာ ဆံ၊ မုန့်အမျိုးမျိုး၊ အရက်နှင့် နို့မှုန့်အစား ထိုးပစ္စည်းများကိုလည်းကောင်း၊    အဖျော်ယမကာနှင့်      အချိုရည်မျိုးစုံကို လည်း ကောင်း၊      အိမ်သုံးဆေးဝါးများအဖြစ်   သွေးတိုး၊   ဆီးချို၊  ကင်ဆာနှင့်      အူလမ်း ကြောင်းဆိုင်ရာ   ရောဂါကာကွယ်ဆေး များအဖြစ် လည်းကောင်း၊      လူသုံးကုန် ပစ္စည်းများအဖြစ် စက္ကူ၊ ချည်မျှင်၊ ကတ်ထူ စက္ကူပုံး၊ မီးသွေး၊ ကော်၊   လေသေနတ် ကျည်ဆန်နှင့် အလှကုန်ပစ္စည်းများအဖြစ် လည်းကောင်း၊ နွား၊ ဝက်၊ ဆိတ်၊ သိုး၊ ငါး စသည့်တိရစ္ဆာန်များအတွက် အစာအဖြစ် လည်းကောင်း၊ ဇီဝလောင်စာအဖြစ်လည်း ကောင်း  စသည်ဖြင့် ပီလောပီနံပင်သည် လူတို့၏နေ့စဉ်ဘဝတွင်     များစွာပါဝင် လျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  အထောက်အကူဖြစ်စေသော      ဇီဝပလတ်စတစ်များကိုလည်း    တွင်ကျယ်စွာ ထုတ်လုပ်အသုံးပြုလျက်ရှိ သည်။

ပီလောပီနံတွင်ပါဝင်သောအာဟာရဓာတ်များ

      ပီလောပီနံဥအစိမ်း  ၁၀၀  ဂရမ်တွင် ရေဓာတ် ၆၀ ဂရမ်၊ ကစီဓာတ် ၃၈ ဂရမ်၊ အသားဓာတ် ၁  ဂရမ်ပါရှိပြီး အမျှင်ဓာတ်၊ ဗီတာမင် C နှင့် အဆီဓာတ်အနည်းငယ် သာ ပါဝင်သည်။ ပီလောပီနံသည်  ပေါင်းစား၍ကောင်းသကဲ့သို့     ပြုတ်စားလျှင်လည်း အရသာရှိသည်။  ပီလောပီနံပြန်ပေါင်းမှာ ဆိမ့်ဆိမ့်စေးစေး အရသာရှိပြီး စား၍အလွန်ကောင်းသည်။     ဤကဲ့သို့ စားကောင်းသည့်ပီလောပီနံက   မည်သို့သော ကျန်းမာရေးအာနိသင်များ ပေးနိုင်သည်ကို   ဖော်ပြလိုပါသည်။   ပီလောပီနံတွင်        ပြည့်ဝဆီပါဝင်မှုနည်းသကဲ့သို့       ကိုလက်စထရောနှင့်     ဆိုဒီယမ်ပါဝင်မှု နည်းသော်လည်း အမျှင်ဓာတ်နှင့် ကာဗို ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး အကျိုးပြု ကိုလက်စထရောနှင့်   ပရိုတင်းတို့လည်း ပါဝင်သည်။   တခြားအာဟာရဓာတ်များ အနေဖြင့်  ဗီတာမင် B အုပ်စု၊  ဖောလိတ်၊ ဗီတာမင် B6၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ် စီယမ်၊ ကြေးနီနှင့်  ဆီလီနီယမ်တို့ ပါဝင် သည်။

ပီလောပီနံမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

      ပီလောပီနံစားပေးခြင်းဖြင့်     ရရှိနိုင်မည့်  ကျန်းမာရေး အကျိုးကျေးဇူးများကို အကြမ်းဖျင်းအားဖြင့်    ပီလောပီနံဥကို ပြုတ်၍စားသုံးခြင်းက  အစာခြေအင်ဇိုင်း များ  ကောင်းမွန်စေရန် အထောက်အကူပြုခြင်း၊ ခန္ဓာကိုယ်အလေးချိန် ကျစေခြင်း၊   သွေးတွင်းအချိုဓာတ်နှင့် ကိုလက်စထရော လျှော့ချပေးခြင်း၊     ကင်ဆာအဖုအကျိတ် ကာကွယ်ခြင်း၊ အိုမင်းရင့်ရော်မှုနှင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ခြင်း၊ သွေးခုန်နှုန်း ထိန်းညှိပေးခြင်း၊  ခုခံအားတိုးမြင့်စေခြင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့်  ဝမ်းမချုပ် စေခြင်း၊   ဦးနှောက်နှင့်အာရုံကြောပုံမှန် အလုပ်လုပ်စေခြင်း  စသည့်အကျိုးကျေးဇူး များ ရရှိစေမည်ဖြစ်သည်။

ပီလောပီနံတွင်    နေ့စဉ်လိုအပ်သည့် ကာဗိုဟိုက်ဒရိတ်ပမာဏ ၄၅ ရာခိုင်နှုန်း အထိပါဝင်သောကြောင့်    ပီလောပီနံစား ပေးခြင်းဖြင့်       လူတစ်ယောက်သည် ကျန်းမာသည့်ကိုယ်အလေးချိန်ကို ရရှိစေ နိုင်ပြီး   ကိုယ်အလေးချိန်ကို   တိုးစေနိုင်သည်။  လေ့လာမှုများအရ ပီလောပီနံတွင် ဖောလစ်အက်စစ် အပါအဝင် ဗီတာမင် B အုပ်စုပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်   စားသုံးပေးမည်ဆိုလျှင်   မွေးလာ မည့်ကလေးတွင်     မွေးရာပါချို့ယွင်းမှု မပါစေရန်   ကာကွယ်ပေးနိုင်မည်ဖြစ် သည်။ ပီလောပီနံတွင် အမျှင်ဓာတ်ကြွယ်ဝ စွာပါဝင်နေခြင်းကြောင့်   အစာခြေစနစ် ကောင်းမွန်စေပြီး  ဝမ်းမှန်စေပြီး  အစာကြေစေနိုင်ကာ  လေပွခြင်း၊ အစာအိမ်နာ ခြင်းများမှ ကာကွယ်ပေးနိုင်သည်။

နှလုံးနှင့်လေဖြတ်ခြင်းကိုကာကွယ်ပေးသောပီလောပီနံ

     နောက်ထပ် အားသာချက်တစ်ခုအနေဖြင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေခြင်း ကြောင့်  သွေးကြောနံရံများရှိအဆီများကို ဖယ်ရှားပေးပြီး သွေးလည်ပတ်စီးဆင်းမှု ကောင်းစေကာ  နှလုံးကျန်းမာစေသည်။ ရုတ်တရက် နှလုံးရပ်ခြင်းနှင့် လေဖြတ် ခြင်းမျိုးမဖြစ်စေရန်   ကာကွယ်ပေးနိုင် သည်။     ပီလောပီနံတွင်    လူ့ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်သည့် ကျန်းမာရေးနှင့်ညီညွတ် သော ပရိုတင်းဓာတ် ပါဝင်နေသဖြင့် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ ကောင်း မွန်စေရန်   အထောက်အကူပေးသကဲ့သို့ ကြွက်သားများကို ဖွံ့ဖြိုးကြီးထွားစေသည်။ အနာကျက်စေရန်လည်း အထောက်အကူ ဖြစ်စေသည်။

အရိုးများနှင့်စိတ်ကို ကျန်းမာစေသော ပီလောပီနံ

    လူတစ်ယောက်သည် အသက်အရွယ် ရလာသည်နှင့်အမျှ အရိုးထဲတွင်ရှိရမည့် သတ္တုဓာတ်ပမာဏ     ကျဆင်းလာသောကြောင့်   အရိုးပါးခြင်း၊   အရိုးပွခြင်းများ ခံစားရနိုင်သည်။  ပီလောပီနံတွင် အရိုးများ သန်မာစေရန် လိုအပ်သည့်ဗီတာမင် K၊   ကယ်လ်စီယမ်၊ သံဓာတ်တို့ကြွယ်ဝစွာ ပါဝင်နေသောကြောင့် အသက်အရွယ်ရ လာသူများအနေဖြင့် ပီလောပီနံစားပေး ခြင်းဖြင့်  အရိုးများသန်စွမ်း ကျန်းမာစေသည်။  ပီလောပီနံတွင်ပါဝင်သော ပိုတက်ဆီယမ်နှင့်    တခြားသတ္တုဓာတ်များက   သွေးကြောများ၏ တင်းအားကို လျော့ကျ စေပြီး  သွေးလည်ပတ်စီးဆင်းမှု ကောင်း စေနိုင်သောကြောင့်    သွေးပေါင်ချိန်ကို    အကောင်းဆုံး ထိန်းညှိပေးနိုင်သည်။   ခန္ဓာ ကိုယ်အစိတ်အပိုင်းများထံ သွေးစီးဆင်း မှုကောင်းစေသောကြောင့်     နှလုံးသွေး ကြောစနစ်ကို ကျန်းမာစေနိုင်သည်။  ထို့ပြင် ဗီတာမင်  K  သည်  ဓာတ်တိုးပစ္စည်း များကြောင့် ဦးနှောက်ဆဲလ်များ မပျက်စီးစေရန်ကူညီပေးပြီး    ဦးနှောက်ဆဲလ်များ ကို  ကျန်းမာစေသဖြင့်  အယ်လ်ဇိုင်းမား ရောဂါမဖြစ်စေရန် အထောက်အကူပေး သောကြောင့်    ပီလောပီနံသည်   အရိုးကျန်းမာစေရုံမက  စိတ်ကိုပါ ကျန်းမာစေ ပါကြောင်း ရေးသားလိုက်ရပါသည်။