မိုးညှင်းနှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဒီဇင်ဘာ ၂၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီးတွင် သန်းစိုးအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မမေဇင်ဝင်း မောင်းနှင်ပြီး မသက်သက်မာ လိုက်ပါလာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ ၁ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၈၂၀ နှင့် ဘိန်းစိမ်း ၁ ကီလိုကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ ဟိုတင်ကျေးရွာအနီးတွင် ကျော်စွာဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကိုစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။