ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၇၀ ဦးကျော်ကို ဖမ်းဆီး ထားသည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူ ၇၀ ဦးကျော်ကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား၍ ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘုတလင်မြို့နယ် အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မည်သည့် အကြောင်းနှင့်မျှ ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ များကသာ၎င်းတို့နှင့် အမြင်မတူသူများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ် နေသည်ကို ပြည်သူအားလုံးအသိပင်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက် အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် ယခုကဲ့သို့ အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် ပြည်သူလူထုအား သတင်းအဆိပ်ခတ်နေခြင်းသာဖြစ်ကြောင်း သိရသည်။