မြစ်ကြီးနားမြို့နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၅ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၄ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက် ကူး၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန် တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာရှိ သံဃာတော် ၃ ပါးနှင့် ဒေသခံပြည်သူ ၁၅၃ ဦး တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုး/ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်းချောင်း ဆိုင်ရာရောဂါ၊ သားဖွားမီးယက်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။