စက်ရုပ်ဆရာဝန်များဖြင့် တစ်ရက်ကိုလူနာ ၃၀၀၀ ကုသပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး AI ဆေးရုံ
တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးသော AI ဆေးရုံစိတ်ကူးကို ထုတ်ဖော်မိတ်ဆက် လိုက်ပါတယ်။ အဲဒီဆေးရုံမှာကုသမှုပေး မယ့်ဆရာဝန်တွေကလည်း သာမန်လူသား ဆရာဝန်တွေမဟုတ်ပါဘူး။ စက်ရုပ်ဆရာဝန်တွေပါ။ ဒီစိတ်ကူးကို ထုတ်ဖော်မိတ်ဆက်လိုက်သူများကတော့ ပေကျင်းမြို့ရှိဆင်းဟွာတက္ကသိုလ်မှ သုတေသနပညာရှင် များပါ။
သူတို့ရဲ့စိတ်ကူးပုံဖော်မှုအရဆိုရင်တကယ့်ဆရာဝန်အစစ်တွေ၊ ဆေးကျောင်း သားတွေအနေနဲ့ တကယ့်လူနာတွေကို အသုံးပြုစရာမလိုဘဲ ရောဂါရှာဖွေစမ်းသပ် လေ့ကျင့်မှုတွေလည်း လုပ်နိုင်မယ်လို့ဆိုပါတယ်။
လက်ရှိ စက်ရုပ်ဆရာဝန်တွေရဲ့စွမ်းဆောင်ရည်က အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကုသရေးတွေမှာ ၉၃ ဒသမ ၀၆ ရာခိုင်နှုန်းအထိ တိကျမှုရှိနေပြီလို့ဆို ပါတယ်။
Ref: IE K.H