မိုင် ၅၀၀၀ အကွာမှ ကမ္ဘာ့ပထမဆုံး အဝေးရောက်ခွဲစိတ်မှု

မိုင် ၅၀၀၀ အကွာမှ ကမ္ဘာ့ပထမဆုံး အဝေးရောက်ခွဲစိတ်မှု

တရုတ်နိုင်ငံမှ   ခွဲစိတ်ဆရာဝန်ကြီးတစ် ဦးက အဝေးရောက်ခွဲစိတ်မှုကြီးတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီခွဲစိတ်မှုကို မိုင် ၅၀၀၀ အဝေးကနေ လုပ်ဆောင်ခဲ့တာပါ။ လူနာက ပေကျင်း မှာရှိနေပြီး   ဆရာဝန်ကရောမမှာရှိနေခဲ့တာဖြစ်ပါတယ်။   ဒါက တကယ့်ကိုပဲ ကမ္ဘာ့ပထမဆုံးပါ။

တစ်ဖက်ကလူနာဆီမှာတော့ စက်ရုပ် နဲ့ပဲခွဲစိတ်မှုလုပ်တာဖြစ်ပေမယ့် အဲဒီစက် ရုပ်ကိုထိန်းချုပ်သူက ရောမမှာရှိနေတဲ့ ဆရာဝန်ပါ။ အခုလိုမျိုးလုပ်နိုင်ခြင်းက လည်း မြန်နှုန်းမြင့်မားလှတဲ့ 5G အင်တာ နက်ကွန်ရက်စနစ်ကြောင့်ပါ။ ခွဲစိတ်မှုမှာ တော့ ကင်ဆာလူနာဆီက ဆီးကျိတ်အနာ ကိုဖယ်ရှားနိုင်ခဲ့ပါတယ်။   
Ref: IE K.H