သာစည်မြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

သာစည်မြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော် ဒီဇင်ဘာ ၂၉

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၃ နာရီခွဲတွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊   လှိုင်းတက်ကျေးရွာအနီးတွင် မြင့်ဇော်ဦး(ခ)မြင့်ဇော်  မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် သာစည်မြို့နယ်၊ ကြပ်စခန်းကျေးရွာအုပ်စု၊ ကြပ်စခန်းကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဒီဇင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ စက်ဝင်းရပ်ရှိ တင်ထွေး၏နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွဆေးပြား ၄၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။