ဆေးလိပ်ဖြတ်ဖို့ကိုကူညီပေးမယ့် စမတ်နာရီများ
ဘရစ္စတိုတက္ကသိုလ်မှ သုတေသနတစ်ခုမှာ စမတ်နာရီတွေက ဆေးလိပ်စွဲနေသူတွေကို ဆေးလိပ်ဖြတ်နိုင်စေဖို့ကူညီပေးနိုင်မယ်လို့သုံးသပ်ထားပါတယ်။ အဓိကကတော့ စမတ်နာရီများအတွက် သီးသန့်ထုတ်ထားတဲ့ အပလီကေးရှင်းကိုအသုံးပြုခြင်းအားဖြင့်ဖြစ်ပါတယ်။
အဲဒီအပလီကေးရှင်းကလက်ရဲ့လှုပ်ရှားမှုကိုလိုက်ပါအာရုံခံနိုင်တဲ့အပြင်မီးခိုးငွေ့ထွက်ရှိမှုကိုလည်း အာရုံခံကာ နာရီပတ်ထားသူအတွက် ကျန်းမာရေးအရ အကျိုးရှိစေမယ့် သတင်းစကားကိုပေးပို့ပေးတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကလုပ်ဆောင်ချက်က ဆေးလိပ်သောက်သူကို ဒီနေ့ဆေးလိပ်ဘယ်လောက်သောက်ပြီးပြီဆိုတာသတိပေးခြင်းပါပဲ။
Ref: IEK.H