ပြိုင်ဘက်များကိုစိန်ခေါ်မယ့် ဆမ်ဆောင်းရဲ့လူတူစက်ရုပ်

ပြိုင်ဘက်များကိုစိန်ခေါ်မယ့် ဆမ်ဆောင်းရဲ့လူတူစက်ရုပ်

 

လူတူစက်ရုပ်နယ်ပယ်မှာ Tesla တို့၊  OpenAI တို့၊ BYD တို့က ဦးဆောင်နေပါ တယ်။ သူတို့ရဲ့စက်ရုပ်တွေက စက်မှုကုန် ထုတ်လုပ်ငန်းမှာ လူသားတွေနေရာကို အစားထိုးနိုင်လောက်တဲ့အထိ အဆင့်မြင့် မားလှပါတယ်။

ဆမ်ဆောင်းကလည်း ပြိုင်ဘက်များကို စိန်ခေါ်ပြီး အဲဒီလိုစက်ရုပ်မျိုးကိုထုတ်လုပ်ဖို့အတွက်   ရင်းနှီးမြှုပ်နှံမှုကိုပုံအောပြီးအသုံးပြုနေပါတယ်။ တောင်ကိုရီးယားရဲ့ ဦးဆောင် စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Rainbow Robotics မှာပါ။ အဲဒီ ကုမ္ပဏီမှာ ဆမ်ဆောင်းရဲ့ရှယ်ယာအများဆုံးဖြစ်စေတဲ့အထိကို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

ဆမ်ဆောင်းက သူတို့ရဲ့လူတူစက်ရုပ် ကိုဘယ်မှာမှမမြင်တွေ့ဖူးတဲ့ပုံစံမျိုး၊ စွမ်း ဆောင်ရည်မျိုးနဲ့ထုတ်လုပ်လာနိုင်ဖို့ကို ဦးစားပေးပြီး စီမံကိန်းရေးဆွဲနေတာပါ။ အဲဒီစက်ရုပ်တွေက သမားရိုးကျလုပ်ရိုး လုပ်စဉ်တွေကနေ ကွဲထွက်လာစေမယ်လို့ လည်းဆိုထားပါတယ်။     

Ref: IE K.H