အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဂျင်တီးနားအသင်းနှင့် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကို သမ္မတဂုဏ်ထူးဆောင်ဆုချီးမြှင့်အပ်နှင်း

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဂျင်တီးနားအသင်းနှင့် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကို သမ္မတဂုဏ်ထူးဆောင်ဆုချီးမြှင့်အပ်နှင်း

ဝါရှင်တန်   ဇန်နဝါရီ    ၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဂျင်တီးနား အသင်းနှင့်  အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကို      သမ္မတဂုဏ်ထူးဆောင်ဆုဖြစ်သည့် Presidential  Medal  of  Freedom Award  ဆု ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

Presidential Medal of Freedom Award သည် အမေရိကန်နိုင်ငံ၌ အရပ်သားများကိုပေးအပ်သည့် ဂုဏ်ပြုဆုများတွင် အမြင့်ဆုံးဆုတံဆိပ်ဖြစ်ပြီး မက်ဆီ နှင့်အတူ စုစုပေါင်း ၁၇ ဦးကို ချီးမြှင့်အပ်နှင်းခဲ့ခြင်း ဖြစ်ကာ ဘောလုံးကစားသမားများတွင် မက်ဆီတစ်ဦး တည်းသာပါဝင်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၇ နှစ်အရွယ် မက်ဆီသည် ၂၀၂၃ ခုနှစ် ဇူလိုင်လက    ပီအက်စ်ဂျီအသင်းနှင့်စာချုပ်သက် တမ်းကုန်ဆုံးခဲ့ကာ      အင်တာမိုင်ယာမီအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး နောက် အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီ တွင် ပြိုင်ပွဲစုံ  ၁၄ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့သော် လည်း ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနှင့်အတူ ရှုံးထွက် ဖလားဆွတ်ခူးနိုင်သကဲ့သို့  Open  Cup ပြိုင်ပွဲတွင် လည်း ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။

‌အလားတူ   မက်ဆီသည်   ယခုဘောလုံးရာသီ တွင်လည်း အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ကာ   မေဂျာလိဂ်ပြိုင်ပွဲ(အ‌ရှေ့ပိုင်းဇုန်) ၌ ရမှတ် ၇၄ မှတ်ဖြင့် အမှတ်ပေးဖလားပြိုင်ပွဲတွင် အဆင့်(၁) နေရာ၌  ရပ်တည်နိုင်သကဲ့သို့ ပြိုင်ပွဲသမိုင်းတစ်လျှောက်    ရမှတ်အများဆုံးဖြင့် အဆင့်(၁)နေရာ၌ ရပ်တည်
နိုင်သည့်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ခြင်းဖြစ် သည်။

‌မက်ဆီအနေဖြင့်    အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် မက်ဆီနှင့်အသင်းဖော် ဟောင်းများဖြစ်ပြီး ဥရောပထိပ်တန်းကစားသမား များဖြစ်သည့် ဆွာရက်ဇ်၊ ဘတ်စ်ကွက်နှင့် အယ်ဘာ တို့လည်း ပြောင်းရွှေ့ကစားပြီးနောက် မေဂျာလိဂ် ပြိုင်ပွဲမှာလည်း ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာ ခြင်းဖြစ်သည်။

‌မက်ဆီသည် အင်တာမိုင်ယာမီအသင်းသို့ ပြောင်း ‌ရွှေ့ကစားပြီးနောက် ၎င်းအနေဖြင့်  အမေရိကန် ဘောလုံးလောကကို စိတ်ဝင်စားမှုမြင့်တက်အောင် စွမ်းဆောင်ပေးနိုင်သည့်အတွက် သမ္မတဂျိုးဘိုင်ဒင် က သမ္မတဂုဏ်ထူးဆောင်ဆုချီးမြင့်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                    

Ref;Fotmob