လီဗာပူးအသင်းနှင့်သက်တမ်းတိုးစာချုပ်အတွက် ဆွေးနွေးမှုအဆင်မပြေသောကြောင့် အသင်းမှ ထွက်ခွာရန် ဆာလက်ချ်ဆုံးဖြတ်ထား
လန်ဒန် ဇန်နဝါရီ ၅
လီဗာပူးအသင်း အဓိကတိုက်စစ်ကစားသမားဆာလက်ချ်က အသင်းနှင့် သက်တမ်းတိုးစာချုပ်အတွက် ဆွေးနွေးမှုအဆင်မပြေသောကြောင့် အလွတ်ပြောင်း ရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာရန်ဆုံးဖြတ်ထား ကြောင်း သိရသည်။
ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ယခုဘောလုံးရာသီတွင်လည်း လီဗာပူးအသင်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင် လျက်ရှိရာတွင် အဓိက ကစားသမားအဖြစ် ပါဝင် နေသူဖြစ်သည်။
လက်ရှိ လီဗာပူးအသင်းနှင့် ဆာလက်ချ်၏စာချုပ် သက်တမ်းမှာ ယခုဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီးငါးလကျော်သာကျန်ရှိတော့သည့်အတွက် လီဗာပူးအသင်းက ရာသီအစပိုင်း ကတည်းက သက်တမ်းတိုးစာချုပ်အတွက် ဆွေးနွေးမှုများလုပ်ဆောင်နေသော်လည်း လုပ်ခလစာညှိနှိုင်းမှုအဆင်မပြေဖြစ်နေသောကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်။
ဆာလက်ချ်က "ဒီနှစ်က အသင်းနဲ့နောက်ဆုံးနှစ် ဖြစ်တာကြောင့် ကျွန်တော် အသင်းကို ထူးခြားတာ တစ်ခုခုလုပ်ဆောင်ပေးချင်ပါတယ်။ အသင်းနဲ့စာချုပ် သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေက တိုးတက်လာတာ မရှိလို့ ဒီနှစ်ဘောလုံးရာသီက အသင်းကစားသမား ဘဝနောက်ဆုံးနှစ်ဖြစ်လာမှာပါ"ဟု ပြောသည်။
Ref;Fabrizio Romano