Mitsubishi Electric Cup ပြိုင်ပွဲတွင် ထိုင်းအသင်းကို နှစ်ကျော့ပေါင်းရလဒ်ဖြင့်အနိုင်ရရှိပြီး ဗီယက်နမ်အသင်း သုံးကြိမ်မြောက် ချန်ပီယံဆုဆွတ်ခူး

Mitsubishi Electric Cup ပြိုင်ပွဲတွင် ထိုင်းအသင်းကို နှစ်ကျော့ပေါင်းရလဒ်ဖြင့်အနိုင်ရရှိပြီး ဗီယက်နမ်အသင်း သုံးကြိမ်မြောက် ချန်ပီယံဆုဆွတ်ခူး

ဘန်ကောက် ဇန်နဝါရီ   ၆

‌အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ သည့် Mitsubishi Electric Cup ပြိုင်ပွဲ၌ ဗိုလ်လုပွဲတွင်ဗီယက်နမ်အသင်းက    ထိုင်းအသင်းကို နှစ်ကျော့ပေါင်းရလဒ်  ၅ ဂိုး-၃ ဂိုးဖြင့်  အနိုင်ရရှိပြီးနောက်  Mitsubishi  Electric  Cup   ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင်  ထိုင်းအသင်းသည် ဖိလစ်ပိုင်အသင်းနှင့်ကစားခဲ့ရာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၃ ဂိုးဖြင့်အနိုင်ရရှိပြီး  ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ကာ      ဗီယက်နမ် အသင်းသည်လည်း စင်ကာပူအသင်းနှင့်ကစားခဲ့ရာ  နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

Mitsubishi Electric Cup ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ပထမအကျော့ပွဲစဉ်အဖြစ်   ဗီယက်နမ်အသင်းအိမ်ကွင်း၌ ကစားခဲ့စဉ်က ဗီယက်နမ်အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့်အနိုင်ရရှိကာ ဒုတိယအကျော့ပွဲစဉ်အဖြစ်  ထိုင်း အသင်းအိမ်ကွင်း၌ကစားခဲ့ရာ ဗီယက်နမ်အသင်းက၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ်  ၅ ဂိုး- ၃ ဂိုးဖြင့်အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

‌အဆိုပါပြိုင်ပွဲအပြီးတွင် ချန်ပီယံဆုကို ဗီယက်နမ် အသင်းကလည်းကောင်း၊ ဒုတိယဆုကို ထိုင်းအသင်း ကလည်းကောင်း၊ သွင်းဂိုးအများဆုံးကစားသမားဆု ကို  ဗီယက်နမ်အသင်းမှ ငုယင်ဇမ်ဆွန်က သွင်းဂိုး ခုနစ်ဂိုးဖြင့်လည်းကောင်း၊ ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုကိုလည်း ဗီယက်နမ်အသင်းမှ ငုယင် ဇမ်ဆွန်ကလည်းကောင်း၊   အကောင်းဆုံးလူငယ် ကစားသမားဆုကို ထိုင်းအသင်းမှ မူအန်တာကလည်း ကောင်း၊ အကောင်းဆုံးဂိုးသမားဆုကိုလည်း ဗီယက် နမ်အသင်းမှ ငုယင်ဒင်တာအူကလည်းကောင်း အသီးသီးဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်သည်။

ဗီယက်နမ်အသင်းသည်  ၂၀၀၈  ခုနှစ်ပြိုင်ပွဲနှင့် ၂၀၁၈ ခုနှစ်ပြိုင်ပွဲတို့တွင်လည်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ထပ်မံဆွတ်ခူးနိုင်ခဲ့သည့်အတွက်ချန်ပီယံဆုကို သုံးကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသည်။  

Ref;ASEAN Football