ဘာစီလိုနာအသင်းက အိုလ်မိုနှင့် လူငယ်ကစားသမား ပေါလ်ဗစ်တာတို့ကို အသင်းကစားသမား စာရင်းမှတ်ပုံတင်နိုင်ရန်ဆက်လက်ကြိုးပမ်းနေ

ဘာစီလိုနာအသင်းက အိုလ်မိုနှင့် လူငယ်ကစားသမား ပေါလ်ဗစ်တာတို့ကို အသင်းကစားသမား စာရင်းမှတ်ပုံတင်နိုင်ရန်ဆက်လက်ကြိုးပမ်းနေ

ဘာစီလိုနာ  ဇန်နဝါရီ    ၆

ဘာစီလိုနာအသင်းက အသင်းမှ ကွင်းလယ်ကစားသမား အိုလ်မိုနှင့် လူငယ်ကစားသမား ပေါလ်ဗစ်တာတို့ကို အသင်းကစားသမားစာရင်း မှတ်ပုံတင်နိုင်ရန်ဆက်လက်ကြိုးပမ်းနေ‌ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် လက်ရှိအသင်းဘဏ္ဍာ ရေအကျပ်အတည်းကြောင့် အိုလ်မိုနှင့် ပေါလ်ဗစ်တာတို့ကို လက်ကျန်ဒုတိယဘောလုံးရာသီဝက်အတွက်   အသင်းကစားသမားစာရင်း မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘဲ  ကစားသမားစာရင်းမှတ်ပုံတင်နိုင်ရန်  စပိန်လာလီဂါအဖွဲ့ချုပ်နှင့် စပိန်နိုင်ငံဘောလုံး အဖွဲ့ချုပ် တို့ထံ အယူခံတင်သွင်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည့် အတွက် လက်ရှိအချိန်ထိ အသင်းက စားသမား စာရင်းမှတ်ပုံတင်နိုင်ခြင်းမရှိသေးဘဲ ရုန်းကန်နေရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းက  ၎င်းတို့နှစ်ဦးကို ကစား သမားစာရင်းမှတ်ပုံတင်နိုင်ရန်အတွက်    နောက်ဆုံး အနေဖြင့် အားကစားခုံရုံးအထိ   ဆက်လက်အယူခံတင်သွင်းရန် ပြင်ဆင်နေပြီး အားကစားခုံရုံးကလည်း ပယ်ချခဲ့မည်ဆိုပါက ဘာစီလိုနာအသင်းအနေဖြင့်အိုလ်မိုနှင့် ပေါလ်ဗစ်တာတို့ကို လက်လွှတ်ရမည်ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦးအနေဖြင့် ကလပ်အသင်းလက်မဲ့ကစားသမားများဖြစ်လာမည်ဖြစ်ပြီး လက်ရှိ ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် င်းရွှေ့ကစားရဖွယ်ရှိကြောင်း သိရသည်။        

Ref;Fabrizio Romano