ဗယ်လ်ကာနိုအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ် ကလပ်အသင်း လက်မဲ့ကစားသမားဖြစ်လာ

 

ဗယ်လ်ကာနိုအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ် ကလပ်အသင်း လက်မဲ့ကစားသမားဖြစ်လာ

မက်ဒရစ်  ဇန်နဝါရီ   ၇

ဗယ်လ်ကာနိုအသင်း ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် အသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့ပြီး နောက် ကလပ်အသင်းလက်မဲ့ကစားသမား ဖြစ်လာကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ရီးယဲလ်မက်ဒရစ် အသင်း၌  ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ကြိမ်ပြောင်းရွှေ့ကစားခဲ့ပြီး     ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် နောက်ပိုင်းဘောလုံးရာသီ များတွင် ဒဏ်ရာပြဿနာများကြောင့်  မကြာခဏ အနားယူနေခဲ့ရသည့်အတွက်  ၂၀၂၀   ပြည့်နှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာပြီး    အဲဗာတန် အသင်း၊ အယ်လ်ရေယန်အသင်း၊ အိုလံပီယာကို့စ်အသင်း၊ ဆာအိုပါအူလိုအသင်း   စသည့်အသင်းများထံ အဆင့်ဆင့် ပြောင်းရွှေ့ကစားပြီးနောက် ၂၀၂၄ ခုနှစ်က ဗယ်လ်ကာနိုအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

ကွင်းလယ်ကစားသမား  ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည်     ဗယ်လ်ကာနို အသင်း၌လည်း ဒဏ်ရာပြဿနာများနှင့် ထပ်မံရုန်းကန်နေရပြီး    နည်းပြအင်ဂိုပီရက်ဇ် လက်အောက်တွင်   ပွဲထွက်ခွင့်မရရှိဘဲ   ရုန်းကန်ခဲ့ရကာ  ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံခုနစ်ပွဲသာ ကစားခွင့်ရရှိခဲ့သောကြောင့်    နှစ်ဖက်သဘောတူစာချုပ်ဖျက် သိမ်းကာ   လမ်းခွဲခဲ့သည့်အတွက်   ကလပ်အသင်း လက်မဲ့ကစားသမား ဖြစ်လာကြောင်း သိရသည်။

Ref;Fabrizio Romano