အမျိုးသားအားကစားပွဲတော်တွင် တံခွန်စိုက်ဆုဖလား ရရှိသော ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပ

 

အမျိုးသားအားကစားပွဲတော်တွင် တံခွန်စိုက်ဆုဖလား ရရှိသော ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပ

 

ရန်ကုန်   ဇန်နဝါရီ   ၇

၂၀၂၄  ခုနှစ်  ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင်     တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဧည့်ခံပွဲကို   ယမန်နေ့ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  မြက်ခင်းပြင်၌ကျင်းပသည်။

ရှေးဦးစွာ တေးသံရှင်များက “အနှိုင်းမဲ့သောရန်ကုန် တေးသီချင်းဖြင့် ဖျော်ဖြေ၍ အခမ်းအနားအား  စတင်ဖွင့်လှစ်သည်။

ထို့နောက် ၂၀၂၄    ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားသမားများ၏ ပါဝင်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်း Video Clip အားပြသသည်။        

ယင်းနောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ရေကူးပြိုင်ပွဲနှင့်တိုက်ကွမ်ဒိုပြိုင်ပွဲများမှ ဆုရအားကစား အဖွဲ့တို့အား      ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊   လူမှုရေးရာဝန်ကြီးက အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများအား  ရှင်းလင်းတင်ပြသည်။

ထို့နောက်  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများက  ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ မသန်စွမ်း၊  မြန်မာ့သိုင်း၊ ဂျူဒို၊ ဝူရှူး၊ ကရာတေး၊   ဗိုဗီနမ်၊     လက်ဝှေ့၊ ကြက်တောင်ရိုက်၊  ပြေးခုန်ပစ်၊  ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ဂေါက်သီးရိုက်၊  စားပွဲတင်တင်းနစ်၊ အလေးမ၊  ဘိလိယက်နှင့်စနူကာ၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ခရစ်ကက်၊  တင်းနစ်နှင့်ဘောလုံးပြိုင်ပွဲများမှ ဆုရအားကစားအဖွဲ့တို့အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအားကစားအဖွဲ့အောင်နိုင်ရေး အထောက်အကူပြု အဖွဲ့ခေါင်းဆောင်က  အားကစားသမားများ၊ အလှူရှင်များကိုယ်စား ဝမ်းမြောက်စကားနှင့် အားကစားအဖွဲ့များ ကိုယ်စား အားကစားသမား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး တက်ရောက်လာကြသူများကအားကစားရဲ့ မာန်ဟုန်လှိုင်း ဒို့ရန်ကုန်တိုင်း  တေးသီချင်းဖြင့်  နှုတ်ဆက်သီဆိုခဲ့ကြောင်းနှင့်   ရန်ကုန်တိုင်းဒေသကြီး အားကစား အဖွဲ့အနေဖြင့် အားကစားနည်း ၂၃ မျိုးအား ပြိုင်ပွဲဝင် ၄၂၇ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ရွှေ ၆၈ ဆု၊ ငွေ ၄၂ ဆု၊ ကြေး ၃၉ ဆု စုစုပေါင်း ၁၄၉ဆုဖြင့်   ပထမတံခွန်စိုက်ဒိုင်းဆုကြီးကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဝန်းရံခ