၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကျင်းပ
ရန်ကုန် ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသားနှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၆ ရက်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာစန်းစန်းလွင်က ပညာရေးနှင့် အားကစားပေါင်းစပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အရည် အသွေးကိုမြှင့်တင်ပေးရန်၊ တက္ကသိုလ် ကျောင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီး
၍ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်နှင့်စစ်မှန်သောအားကစားစိတ်ဓာတ်ဖြင့် အားကစားကိုချစ်မြတ်နိုး တတ်စေရန်၊ ထူးချွန်သော ဉာဏ်ရည် မြင့်မားသည့် မျိုးဆက်သစ်အားကစား သမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အားကစားပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဋ္ဌာန်ရွတ်ဆို၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးကြသည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိပြီး တက္ကသိုလ်ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။