မြဝတီ၊ ကြိုတင်ကာကွယ်ရေး
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ မြဝတီခရိုင် မီးသတ်ဦးစီးဌာနနှင့် သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ငလျင်ဘေး အန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုကို ဒီဇင်ဘာ၂၄ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရာတွင် မြဝတီမြို့နယ် မြဝတီခရိုင် မီးသတ်ဦး စီးဌာနမှစခန်းမှူး ဦးအောင်နိုင်ဦးက ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြဝတီမြို့ နယ်သင်္ဃန်းညီနောင်ကျေးရွာနှင့် ဝှေ့ရှမ်းကျေးရွာတို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်မြို့ သစ်လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သဘာဝဘေး အန္တရာယ်များ မကျရောက်မီ ကျရောက်ချိန်နှင့် ကျရောက်ပြီး ချိန်များတွင် ကြိုတင်နှိုးဆော်ခြင်း၊ ငလျင်လှုပ်လျှင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် နေထိုင်နည်းနှင့် ငလျင်လှုပ်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်ပုံများ၊ ရှာဖွေကယ်ဆယ် ရေးပြု လုပ်နိုင်ရန်အတွက် ဆက်စပ်ပစ္စည်းများ အသုံးပြုနည်း စသည်တို့ကို လက်တွေ့သရုပ်ပြသကြောင်း သိရသည်။
မန်းသန်းရွှေမြင့်