နည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ ဝန်းကျင်လေထု အရည်အသွေး တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်
ကျောက်ဆည် ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဒေသန္တရစီမံကိန်း၏ ပင်မလုပ်ငန်းအစီအစဉ်မှ စီမံချက်ဝင် လုပ်ငန်းဖြစ်သော ဝန်းကျင်လေထုအရည် အသွေးတိုင်းတာစစ်ဆေးခြင်း လုပ်ငန်း များကို ဇန်နဝါရီလ ၈ ရက်တွင် နည်း ပညာအထက်တန်းကျောင်း (ကျောက်ဆည်) ၌ ဆောင်ရွက်သည်။
ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် လေထု ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော ဆာလ်ဖာ ဒိုင်အောက်ဆိုဒ်(SO2)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2)၊ ကာဗွန်မိုနောက်ဆိုဒ် (CO)၊ လေထုအတွင်း၌ရှိသည့် အလွန် သေးငယ်သော အမှုန်အမွှားများဖြစ်သည့် PM 2.5 နှင့် PM 10 တို့ကို လေထုအရည် အသွေး တိုင်းတာစစ်ဆေးခဲ့သည်။
ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်ရလဒ်များကို ပြည်သူများသိရှိနိုင် ရန် ဒေသအစိုးရ အဖွဲ့အစည်းများထံ တင်ပြခြင်း၊ လှုမှုကွန်ရက်စာမျက်နှာများ မှ ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အကြုံပြုချက်များဖြစ်သည့် စွန့်ပစ်အမှိုက်များကို လေဟာပြင်တွင် စည်းကမ်းမဲ့မီးရှို့ခြင်းမှ ရှောင်ကြဉ်ပြီး 3Rs(Reduce ၊ Reuse ၊ Recycle) စနစ်ကို လိုက်နာကျင့်သုံးခြင်း၊ အရိပ်ရလေကာ ပင်များစိုက်ပျိုးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထွက်ရှိမှု လျှော့ချနိုင်စေရေး စက်တပ်ယာဉ်များ အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ကြဉ်ရန် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လစဉ်ထုတ်ပြန်ပေးလျက် ရှိကြောင်း သိရသည်။