ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့ကို Stay at Home သတ်မှတ်ထားခြင်းမှ ပြန်လည်ပယ်ဖျက်

နေပြည်တော်   ဒီဇင်ဘာ   ၂၆

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ရက်စွဲ ဖြင့်ထုတ်ပြန်သည့် အမိန့်အမှတ် ၁၅၅/၂ဝ၂ဝ ၊ ၁၅၆/ ၂ဝ၂ဝ၊ ၁၅၇/၂ဝ၂ဝ၊ ၁၅၈/၂ဝ၂ဝ၊ ၁၅၉/၂ဝ၂ဝ နှင့် ၁၆ဝ/၂ဝ၂ဝ တို့အရ မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home )ကြေညာထားသည့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့ရှိ မြို့နယ် အချို့ကို ၂၇-၁၂-၂ဝ၂ဝ ရက် နံနက် ၈ နာရီ မှစ၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်း မှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင်ပါဝင်သည့် မြို့နယ် များ၌နေထိုင်သည့် ပြည်သူများအနေဖြင့် Covid-19  ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို တိကျစွာ လိုက်နာသဖြင့် လွန်ခဲ့သော ၁၄ ရက်အတွင်း Covid-19  ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာထပ်မံတွေ့ရှိရမှုလျော့နည်း လာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦး မှ တစ်ဦးသို့  အစုလိုက် ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊   Stay at Home အစီအစဉ် ဆောင်ရွက်စဉ် ကာလ အတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း များနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အားလုံးကို ရှာဖွေ ဖော်ထုတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၁၄ ရက်အတွင်း ထပ်မံ တွေ့ရှိရမှု လျော့နည်း လာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူလူထုကရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက် ကြွကြွ ပါဝင်ဆောင်ရွက် ခဲ့ခြင်းများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ ရှိရသည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိပ်ကြီး/ခနောင်တို မြို့နယ်တွင် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဆိပ်ကြီးအနောက် ရပ်ကွက်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ခနောင်တိုအနောက် ရပ်ကွက်၊ ဆမားဒူးဝါးရပ်ကွက်နှင့် ဦးထွန်းအိုရပ်ကွက် တို့အား လည်းကောင်း၊ တွံတေးမြို့နယ်တွင် ကျွန်းတော ရပ်ကွက်၊  ကျွန်းဘက်ကျေးရွာအုပ်စု၊ ကွမ်းခြံရပ်ကွက်၊ ကသ ပေါင်းကျေးရွာအုပ်စု၊ ကုလားတန်းကျေးရွာအုပ်စု၊ ခရမ်းဝကျေးရွာအုပ်စု၊ စမ်းရွာကျေးရွာအုပ်စု၊ တမံကြီး ကျေးရွာ အုပ်စု၊ တမာတကော ကျေးရွာအုပ်စု၊ တလုတ္ထော် ကျေးရွာအုပ်စု၊ ထော်သိုကျေးရွာအုပ်စု၊ ဘုရားကြီး ကျေးရွာ အုပ်စု၊ မငေးအလယ်ကျေးရွာအုပ်စု၊ မင်းပိုင်းရပ်ကွက်၊ ရွှေဆံတော်ရပ်ကွက်၊ သဝန်းတောကျေးရွာ အုပ်စု၊ အလယ်ချောင်းကျေးရွာအုပ်စုနှင့် အုံးပင်စု ရပ်ကွက်တို့အားလည်းကောင်း၊ ကွမ်းခြံ ကုန်းမြို့နယ်တွင် စံပြရပ်ကွက်၊  ကန့်မလာကျေးရွာအုပ်စု၊ ငှက်ကြီးဒေါင် ကျေးရွာအုပ်စု၊ တော်ခရမ်းလေးကျေးရွာ အုပ်စု၊ တော်ပြာကျေးရွာအုပ်စု၊ တော်လန်း ကျေးရွာအုပ်စု၊ ပီလခတ်ကျေးရွာအုပ်စု၊  မရမ်းကျေးရွာအုပ်စု၊ မှော်ဘီကျေးရွာအုပ်စု၊  ရေတိမ်ကျေးရွာ အုပ်စု နှင့် လက်ခုပ်ကုန်း ကျေးရွာအုပ်စုတို့အား မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home အစီအစဉ်တွင်  ဆက်လက်ထားရှိပြီး ကျန်ရှိသည့်ရပ်ကွက်/ ကျေးရွာအုပ်စုများမှနေထိုင်သူပြည်သူများ အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ    ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရ ပူရမြို့နယ်တွင် တောင်ကြီးရပ်ကွက်၊ ကျန်တန်းရပ်ကွက်၊ မှန်တန်း ရပ်ကွက်၊ ဈေးချို ရပ်ကွက်၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ လေးစု ရပ်ကွက်၊ အိုးတော်ရပ်ကွက်၊ ဆင်စွယ်ပွတ် ရပ်ကွက်၊ မြစ်ငယ်ရပ်ကွက်၊    ရှမ်းကလေး ကျွန်းကျေးရွာ၊ ယဉ်တော်ကျေးရွာ၊ ဟင်္သာကျေးရွာ၊ ပန်းဘဲ(မြောက်)ကျေးရွာ၊ ပန်းဘဲ (တောင်)ကျေးရွာ၊    အရှေ့လက်သမား ကျေးရွာ၊ တပ်ကြီးကျေးရွာ၊ ဘုန်းတော်နိုင်ငံ ကျေးရွာ၊ မြင်တော် ကျေးရွာ၊ ချောင်းဂွကျေးရွာ၊ ပရပတ်ကျေးရွာ၊ မရမ်းခြံကျေးရွာ၊ ရွှေလွန်း ကျေးရွာ၊ သာလေစွကျေးရွာ၊ ယမ်းပျံ (အရှေ့) ကျေးရွာ၊  ဘုံတောင်နှဲစုကျေးရွာ၊  အိုးဘို ကျေးရွာ၊  ထန်းတောကျေးရွာ၊ ရဲလွန်းကျော် (အရှေ့)ကျေးရွာ၊ ဆင်ကျေးရွာ၊ သပြေအုပ် ကျေးရွာ၊ သူငယ်တော်ကျေးရွာ၊ ဝါးရုံပင်ကျေးရွာ၊ ငယ်တိုးကျေးရွာ၊ ရက္ကန်းတော် ကျေးရွာ၊ မြစ်လောင်း ကျေးရွာ၊ မြစ်တူး ကျေးရွာ၊ ဥယျာဉ်တော်ကျေးရွာ၊ သာယာ ကုန်းကျေးရွာ၊ ဓနုံးကျေးရွာ၊ ထုံးဘိုတောင် ကျေးရွာ၊ တမုတ်ဆိုးကျေးရွာ၊   ကန်ရိုး ကျေးရွာ၊ နတ်ရေကန်ကျေးရွာ၊ ဖျောက်ဆိပ် ကုန်းကျေးရွာ၊ မုံပုလဲ ကျေးရွာ၊ စာတိုးကျေးရွာ၊ မြို့ပြင်ကြီးကျေးရွာနှင့် ပြည်လုံးကျော်ကျေးရွာ တို့အား Stay at Home အစီ အစဉ်တွင် ဆက်လက်ထားရှိပြီး ကျန်ရှိသည့်ရပ်ကွက်/ ကျေးရွာများမှ နေထိုင်သူများအား Stay at Home အစီ အစဉ်တွင် အကျုံးဝင်ခြင်းမှ   ပယ်ဖျက်လိုက်ကြောင်း  ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ဖျာပုံမြို့နယ် နှင့် မအူပင်မြို့နယ်၊ မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင် မြို့နယ်နှင့်ဘီးလင်းမြို့နယ် တို့အတွင်း နေထိုင် ကြသည့် ပြည်သူများအား ှအပေ အေ ံသာန  အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ  ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းရှိ မော်ဝမ်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီက ထောင်ရပ်ကွက်၊ အေးမြသာယာ ရပ်ကွက်၊ လုံးခင်းကျေးရွာ အုပ်စု၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ္မဖြစ် ကျေးရွာ အုပ်စုတို့အား Stay at Home အစီအစဉ်တွင် ဆက်လက် ထားရှိပြီး ကျန်ရှိသည့်  ရပ်ကွက်/ ကျေးရွာအုပ်စုများမှ နေထိုင် သည့် ပြည်သူများနှင့် မိုးညှင်းမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအား Stay at Home အစီအစဉ်တွင် အကျုံး ဝင်ခြင်းမှ  ပယ်ဖျက်လိုက်ကြောင်း  ဖော်ပြထားသည်။