ခြောက်အိမ်တန်း ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ စံကိုက်အဆောက်အအုံ ဖွင့်ပွဲကျင်းပ

 

ခြောက်အိမ်တန်း ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ စံကိုက်အဆောက်အအုံ ဖွင့်ပွဲကျင်းပ

 

အိမ်မဲ   ဇန်နဝါရီ   ၁၂

       ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လူကောင်းကျွန်းကျေးလက် ကျန်းမာရေးဌာန အောက်ရှိ ခြောက်အိမ်တန်း ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ စံကိုက်အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ခြောက်အိမ်တန်းကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

အခမ်းအနားကို တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်  ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသီဟ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊  ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်  ပက်ဖျန်းပေးပြီး ကျေးလက်ကျန်းမာရေး ဌာနခွဲအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက်   တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားပြီး   ကျေးလက်ကျန်းမာရေး ဌာနခွဲ စံကိုက်ဆောက်လုပ်နိုင်ရန် မြေနေရာအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ထို့နောက် မြောင်းမြပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ခြောက်အိမ် တန်းကျေးရွာနေ  ပြည်သူလူထုများအား ကွင်းဆင်းဆေးကုသမှု အစီအစဉ်ကို လှည့်လည်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူကောင်းကျွန်း ကျေးလက်ကျန်းမာရေးဌာန၊  အိမ်မဲဆေးရုံနှင့် ရွာသစ်တိုက်နယ် ဆေးရုံတို့သို့ ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။