တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် လူသားစက်ရုပ်များ၏ ဂိမ်းကစားပွဲတော်ကျင်းပရန်စီစဉ်
တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ယခုနှစ်အတွင်း လူသားစက်ရုပ်များ၏ ဂိမ်းကစားပွဲတော်ကို ကျင်းပရန်စီစဉ် ထားကြောင်း မြို့တော်ဝန် ယင်ယောင်က ပြောသည်။
ပေကျင်းမြို့တော်အနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း လူသားဆန်သည့်စက်ရုပ်များ၊သက်ရှိ အဏုဇီဝရုပ်များနှင့် ဆဲလ်များကိုအသုံးပြု၍ ကုန်ပစ္စည်းများထုတ်လုပ်သည့်အနာဂတ်လုပ်ငန်းကဏ္ဍများကို မြှင့်တင်ပေးမည်ဖြစ်ပြီး မြို့တော်အတွင်း၌ လူသားဆန်သည့် စက်ရုပ်များ၏ ဂိမ်းကစားပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်တွင်ကျင်းပသည့် ၁၆ကြိမ်မြောက် မြို့တော် ကွန်ဂရက်လွှတ်တော်ဆွေးနွေးပွဲ၌ မြို့တော်ဝန် ယင်ယောင်က ပြောကြားခြင်းဖြစ်သည်။
သို့သော် အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
တရုတ်နိုင်ငံ၏ လူသားဆန်သည့် စက်ရုပ်ထုတ်လုပ်မှုကဏ္ဍသည် မကြာမီနှစ်များအတွင်း ပိုမိုအောင်မြင်လာခဲ့ပြီး အဆိုပါစက်ရုပ်များထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ တရုတ်သတင်းအချက်အလက်နှင့်နည်းပညာသိပ္ပံက အစီရင်ခံစာတစ်စောင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ထုတ်ပြန်ထားပြီးဖြစ်သည်။