ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံအားပေး

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံအားပေး

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီလ - ၁၈ ရက်

               ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံသည်။

               ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ပစ္စည်းများဂုဏ်ပြုပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။