ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ - ၂၀ ရက်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်း ကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----
မောင်ဝင်းပိုင်ဖြိုး
သင်တန်းတက်ရောက်ဖြစ်တာကတော့အသက် ၁၈ ကနေ ၃၅ နှစ် အသက်ပြည့်တဲ့အတွက် စစ်မူထမ်းဥပဒေ အရ လာရောက်တက်ရောက်ဖြစ်တာပါ၊သင်တန်းမှာသင်ကြားသွားမည် ဘာသာရပ်တွေကတော့ ထုက်ပြန်ထားတဲ့ စည်းကမ်းနှင့် အညီ လိုက်နာသွားပါမယ်၊နိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်သွားပါမယ်။သင်တန်းမတက်ခင် မှာတော့ ကိုယ်မရောက်ဘူးတ့နေရာဆိုတော့ စိတ်လှုပ်ရှားတာပေါ့ ရောက်လာတော့လည်း သူဟာနဲ့သူ အစဉ်ပြေအောင် နေတက်ထိုင်တက်ပါတယ်၊ အပြင်မှာတော့ ကိုယ်နေချင်သလိုနေ ကိုယ်အိပ်ချင်သလိုအိပ် နေတာထိုင်တာစားတာသောက်တာ အားလုံးစည်းကမ်းနဲ့အလုပ်လုပ်ဆိုတော့အများကြီးကွာြခားတာပေါ့၊နောက်ဆုံးအိပ်ချိန်စားချိန် ရေချိုးချိန်ကအစ အားလုံးသူစည်း သူကမ်းနဲ့ နေရပါတယ်။
မောင်ကျော်ဝင်းထွန်း
နိုင်ငံတော်ကာကွယ်ဖို့အတွက်ရယ် ယောက်ျားကောင်းယောက်ျားမြတ်တွေဖြစ်ဖို့အတွက် ဒိကိုသင်တန်းလာရောက် တက်ရောက်ဖြစ်တာပါ၊ စည်းကမ်းပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရရှိသလို ရှေဆက်လျှောက်ရမဲ့ အနာဂတ်အတွက် လည်းထွန်း လင်းတောက်ပမှုတွေဖြစ်လာမှာကိုလည်းကျွန်တော်ယုံကြည်ပါတယ်၊လက်နက်နဲ့စစ်ရေးပြကိုတက်မြောက်တဲ့အတွက် အမျိုး ဘာသာသာသနာကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်။တစ်ချိန်တုံးကတပ်မတော်သားတွေရဲ့ဘဝကိုမသိတဲ့အတွက် သူများ ပြောတာတွေကိုယုံကြည်မိခဲ့ပါတယ်၊အခုတပ်မတော်ယူနီဖောင်းကိုဝတ်လိုက်တဲ့အတွက် တပ်မတော်သားတွေ ရဲ့အရာ အားလုံးကို ကိုယ်ချင်းစားမိပါတယ်၊သူများတွေပြောသလို့ မဟုက်ဘူးဆိုတာကျွန်တော်ယုံကြည်လာမိပါတယ်၊နောက် အပတ် စဉ်တက်လာမည့်လူငယ်များအားလုံး မြန်မာနိုင်ငံအတွင်းမှာနေတဲ့နိုင်ငံသားအားလုံးမှာတာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်၊
မောင်နေမျိးဇော်
ယုံကြည်ချက်ခံယူချက်ကတော့ ပြည်သူစစ်မူထမ်းမဖြစ်ခင်ကပင်တက်ချင်နေတာပါ၊ဘာဖြစ်လို့ဆိုတော့ ကျွန်တော် ကနိုင်ငံသားတစ်ယောက်ဖြစ်နေတဲ့အတွက် တပ်မတော်ထဲကိုဝင်ရောက်ဖို့အတွက် အရင်ကလည်းစိတ်ပါနေတာပါ။ လာ့မယ့် ညီငယ်လေးတွေကိုလည်းပြောခဲ့ပါတယ်။ ငါ့စစ်မှုထမ်းဖို့သွားမယ်။ မင်းတို့စိတ်ဓာတ်တက်ကြွရင်လာခဲ့။ အဆင်သင့်ရှိနေမှာပါ။ ကျွန်တော့ခံယူချက်ကတော့ တစ်နိုင်ငံလုံးကျွန်တော့လိုမျိုးစိတ်ဓာတ်ရှိမယ်ဆိုရင် ဗုဒ္ဓဘာသာတွေဖြစ်တယ်။ ဘာသာ၊ သာသနာ၊ လူမျိုး သုံးခုလုံးကို ကာကွယ်နိုင်တဲ့အကျိုးကျေးဇူးလေးတွေရှိနိုင်ပါတယ်။ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာကြီးလာတဲ့လူတိုင်းဟာ ဒီလိုဖြစ်သင့်တယ်။ လုပ်လည်းလုပ်သင့်တယ်။ တစ်နေ့တစ်နေ့ကို နိုင်ငံအတွင်းမှာနေပြီး အကျိုးအမြတ်မရှိဘူး။ နိုင်ငံကိုကာကွယ်ဖို့အတွက် ဒီအတိုင်းနေရင် အကျိုးမရှိဘူး။ အဲဒါကြောင့် နိုင်ငံတော်က ပြည်သူ့စစ်ဥပဒေကိုထုတ်ပြန်တာလည်း ကောင်းတယ်။ ပြောမယ်ဆိုရင်တော့ နိုင်ငံတော်ကာကွယ်ဖို့လူငယ်တိုင်းမှာတာဝန်ရှိသွားတာပေါ့နော်။ တာဝန်လည်းကျေသွား တာပေါ့နော်။