(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူစာပေပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

 

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူစာပေပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊  ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

မျိုးချစ်မောင်သောင်း

ကဗျာ(ဝါသနာရှင်) (ဒုတိယဆု)

(၇၉)နှစ်မြောက် တပ်မတော်နေ့စာပေဆုပြိုင်ပွဲမှာ ကဗျာ(ဝါသနာရှင်) ဒုတိယဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ မျိုးချစ်မောင်သောင်းကလောင်အမည်နဲ့ အစဉ်အလာ၁၂ ပါးစောင့်ထိန်းထားသည့်   ပြည်သူ့သားကောင်းတပ်မတော် ဆိုတဲ့ ကဗျာခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တပ်မတော်ရဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ၊ မေတ္တာတွေကို၊ တပ်မတော်ရဲ့စွမ်းပကားတွေကို ပြည်သူပြည်သားတွေ သိစေချင်တယ်။ တပ်မတော်ကို   ချစ်ခင်ရင်းနှီးစွာဖြင့်   အတူတကွ တိုင်းပြည်ကို အတူလက်တွဲပြီးတော့ တည်ဆောက်စေချင်ပါတယ်။ အဲဒီလိုစိတ်စေတနာနဲ့ ပြိုင်ပွဲတွေကို ပြည်သူတွေသိအောင် ဝင်ရောက်ယှဉ်ပြိုင်ရေးတာဖြစ်ပါတယ်။ ကိုယ့်ရင်ထဲမှာရှိတဲ့ ခံစားခဲ့ရတဲ့ခံစားချက်၊ ကိုယ်ဖြတ်သန်းလာရတဲ့ ဘဝအခြေအနေပေါ် မူတည်ပြီးတော့ ရေးသားလာခဲ့တာဖြစ်ပါတယ်။  တပ်မတော်ရဲ့အစဉ်အလာတွေကို တကယ်လည်း ထိန်းသိမ်းစောင့်ရှောက်နေတာကို ဖော်ပြခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

ဒါရိုက်တာ အကယ်ဒမီတင်အောင်စိုး

(ပန်းမြို့တော်)

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဇာတ်ကားအဖြစ် သက်ရှိစည်းရိုးဆိုတဲ့  ဥကရစ်ထဖြစ်ရပ်မှန်တိုက်ပွဲကို အခြေခံထားတဲ့ဇာတ်ကားရယ်၊ တွဲလက်တူစုံချစ်ရိပ်မြုံ စစ်အင်ဂျင်နီယာတပ်ဖွဲ့နဲ့ ဆက်သွယ်ရေးတပ်ဖွဲ့ကို အခြေခံထားတဲ့ဇာတ်ကားနှစ်ကားဖြစ်ပါတယ်။ တပ်မတော်ရဲ့မူဝါဒနဲ့အညီ ဇာတ်မြူးလေးအနေနဲ့ ရိုက်ကူးဂုဏ်ပြုရိုက်ထားပါတယ်။ သက်ရှိစည်းရိုး ဇာတ်ကားကို မတ်လ ၂၄၊ ၂၅ ရက်နေ့မှာ ထုတ်လွှင့်ပြသပြီးသွားပါပြီ။ တွဲလက် တူစုံချစ်ရိပ်မြုံ ဇာတ်ကားကို မတ်လ၂၆ ရက်နေ့မှာ တစ်ခါတည်းထုတ်လွှင့်ပြသခဲ့ပါတယ်။    နှစ်တိုင်း တပ်မတော်နေ့ကို ဂုဏ်ပြုဇာတ်ကားများရိုက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဇာတ်ကားရိုက်တဲ့အခါ  ကိုယ့်ရဲ့အနုပညာတွေကိုချပြခွင့်၊ ဖန်တီးခွင့်ရတဲ့အတွက် အထူးဝမ်းသာမိပါတယ်။  ဇာတ်ကားတွေလည်း အောင်မြင်တဲ့အတွက်  အားလုံးကို ကျေးဇူးတင်ပါတယ်။

ရှိန်မြင့်ထက်(ဝါးကြီးအိုင့်)

စစ်သည်တေးသီချင်း(ပထမဆု)၊

ကဗျာဝါသနာရှင် (အထူးဆု(၁))

(၇၉)နှစ်မြောက်   တပ်မတော်နေ့အထိမ်းအမှတ်စာမူပြိုင်ပွဲမှာ ရပ် ရပ် စစ်ဆိုသည်ကား စစ်သည်တေးသီချင်းပထမဆုနှင့် ညအမှောင်ခွင်းလမင်းသာပါစေနေ့ အရုဏ်ကျင်း နေမင်းဖြာပါစေ ကဗျာ(ဝါသနာရှင်)အထူးဆု(၁)ကို ရရှိခဲ့တာဖြစ်ပါတယ်။   အဓိကသီချင်းကိုရေးသားဖြစ်တာက ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ရေးထားတာဖြစ်ပါတယ်။ ကိုယ်ရဲ့ဆန္ဒကိုဒီသီချင်းထဲမှာ ထည့်ပြီးပြောလို့ရအောင်ဆိုပြီး ငြိမ်းချမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးဖြစ်သွားတာပါ။ စည်းစည်းလုံးလုံးရှိမှ ငြိမ်းချမ်းမှာပါ။ မစည်းလုံးရင် ငြိမ်းချမ်းရေးက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံး သူ့တာဝန်၊ ကိုယ့်တာဝန်များရှိတယ်။ ငြိမ်းချမ်းချင်တဲ့ဆန္ဒရှိဖို့လိုတယ်။  အတူတူစုပေါင်းလုပ်ကြဖို့လိုပါတယ်။  ဒီလိုအခမ်းအနားပွဲမျိုးကို ကျင်းပပေးတဲ့အတွက်    ကျွန်တော်တို့ တပ်မတော်သားတွေအနေနဲ့ အများကြီးကျေးဇူးတင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ စာပေညီနောင်သမားတွေကို  တွေ့ရတဲ့အတွက်  အများကြီးဂုဏ်ယူဝမ်းသာပါတယ်။

တပ်ကြပ်လှိုင်ဝင်းထွန်း 

စစ်ချီသီချင်း(ပထမဆု)

(၇၉)နှစ်မြောက်  တပ်မတော်နေ့မှာ ပေးဆပ်ဝံ့သည်ဘာမထီ  စစ်ချီသီချင်း ဖြင့်   ပထမဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်၊၊   ဒီလိုမျိုးအခမ်းအနားကို နောင်လည်းတက်ချင်တယ်။ ဒီလိုဆုမျိုးကိုရချင်တဲ့အတွက်လည်း နောက်ထပ်လည်းကြိုးစားပါ့မယ်။

ကြိုးစားတဲ့အတိုင်းလည်း အရာထင်တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီဆုရတာနဲ့ဆို လေးကြိမ်မြောက်ဖြစ်ပါတယ်။

ပထမနှစ်ကြိမ်၊  ဒုတိယတစ်ကြိမ်၊ ပဉ္စမတစ်ကြိမ်၊ စစ်သည်တေးရယ်၊ စစ်ချီတေးရယ် နှစ်ခုစလုံးဆုရဖူးပါတယ်။ ဆိုရှယ်မီဒီယာတွေက စကားတွေကိုမယုံကြဖို့။   အများကြီး အားပေးနေတဲ့ သူတွေရှိတယ်။

မျက်မြင်ကိုယ်တွေ့ထောက်ခံတဲ့သူတွေရှိတယ်၊၊ ကျွန်တော်တို့တတ်စွမ်းတဲ့ကလောင်နဲ့ တပ်မတော်သားတွေကိုလည်း အားပေးနေပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်

ကြိုးစားနေတဲ့  တပ်မတော်သားတွေကို စိတ်ဓာတ်ခွန်အားနဲ့ အများကြီးကြိုးစားပါလို့ ပြောချင်ပါတယ်။

ညိမ်းညို ဝတ္ထုရှည် (ဒုတိယဆု)၊

ကဗျာ(ဝါသနာရှင်) (တတိယဆု)

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်စာမူပြိုင်ပွဲမှာ ဝတ္ထုရှည်ဒုတိယဆုနဲ့ကဗျာ(ဝါသနာရှင်အဆင့်)တတိယဆုရရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ဗိုလ်မှူးရာဇာအောင် ဖြစ်ပါတယ်။ ညိမ်းညိုကလောင်အမည်နဲ့ နိုင်ငံတော်သစ်တိုးတက်ဖြစ်တည်ရှေ့သို့ချီအံ့ ကဗျာနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ ကဗျာပါအကြောင်းအရာကတော့ အနာဂတ် နိုင်ငံတော်အတွက်   မျှော်မှန်းချက်များကို ရည်သန်ရေးဖွဲ့ထားတာဖြစ်ပါတယ်။ တျာချင်းကဗျာအမျိုးအစားဖြစ်ပါတယ်။ ဝတ္ထုရှည်အနေနဲ့   ရခိုင်ပြည်နယ် ကုလားတန်မြစ်ကြောင်းတစ်နေရာက  ဒေသခံပြည်သူလူထုနဲ့   မြန်မာ့တပ်မတော်က တာဝန်ကျတပ်ခွဲတစ်ခွဲတို့ရဲ့လူ့အဖွဲ့အစည်း နှစ်ရပ်အကြားမှာ တကယ့်စိတ်ရင်းစေတနာနဲ့ မေတ္တာတရားကိုအခြေခံပြီး ယှက်နွှယ်

ပေါင်းစည်းသွားတဲ့အကြောင်း ဖော်ညွှန်းရေးဖွဲ့ထားတာဖြစ်ပါတယ်။  ကျွန်တော်ကိုယ်တိုင်က  တပ်မတော်သားတစ်ဦးဖြစ်တာမို့ မြေပြင်က တကယ့်တပ်မတော်သားတွေရဲ့ သဘောသဘာဝနဲ့   စရိုက်လက္ခဏာတွေကို အတတ်နိုင်ဆုံးထင်ဟပ်ပေါ်လွင်အောင်  ကြိုးစားရေးဖွဲ့ထားပါတယ်။   ကျွန်တော်တို့အားလုံးလိုလားတောင့်တနေတဲ့  လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနဲ့   ပြည်တွင်းငြိမ်းချမ်းရေးအတွက်  ကျွန်တော့်ရဲ့ ကလောင်စွမ်းအားလေးနဲ့  တတ်စွမ်းသမျှ ပါဝင်အားဖြည့်ခွင့်ရတယ်လို့ ခံစားရပါတယ်။   ဒီအတွက် လှိုက်လှိုက်လှဲလှဲဝမ်းသာကြည်နူးမိပါတယ်ခင်ဗျာ။

ဘုန်းမောင်ဝင်း(ဖျာပုံ)

ကဗျာအလွတ်တန်း(တတိယဆု)

(၇၉)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ နှင့်ဝတ္ထုစာမူပြိုင်ပွဲမှာ ကဗျာအလွတ်တန်းပြိုင်ပွဲမှာ  တတိယဆုကိုရရှိခဲ့တာဖြစ်ပါတယ်။   ဘုန်းမောင်ဝင်း(ဖျာပုံ)ကလောင်အမည်နဲ့  နိုင်ငံ့ဂုဏ်ဆောင် အောင်တပ်မတော် ကဗျာအမည်နဲ့ဝင်ရောက်ယှဉ်ပြိုင်ရေးသားခဲ့တာဖြစ်တယ်။ ကဗျာထဲမှာ တပ်မတော်အကြောင်း ရေးဖွဲ့ယှဉ်ပြိုင်ရတာဖြစ်လို့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို အမြဲလေ့လာရပါတယ်။ တပ်မတော်သားတွေရဲ့   စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊   စည်းလုံးညီညွတ်မှုနဲ့စစ်ရေးစွမ်းရည်၊   အုပ်ချုပ်ရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ်ပြည့်စုံမှုတွေလည်း ပါဝင်အောင်ရေးဖွဲ့ရပါတယ်။ အထူးခြားဆုံးကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက်    ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်

ဆောက်ပူဇော်ခြင်းအကြောင်းလည်း ထည့်သွင်းရေးဖွဲ့ပါတယ်။ တပ်မတော်က အဓိကဦးဆောင်တည်ထားကိုးကွယ်ခဲ့တာမို့ တပ်မတော်ရဲ့ ထူးခြားတဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်။ နိုင်ငံတော်အတွက်လည်း အလွန့်အလွန်တန်ဖိုးကြီးမားလှတဲ့ သမိုင်းမှတ်တမ်းလည်းဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ အခုလိုမျိုး   ပြိုင်ပွဲမှာဆုရရှိတဲ့အတွက် အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးလည်း အစဉ်ထာဝရတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သာယာပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

ညွန့်ဝင်း(နတ်တလင်း)

ကဗျာ(ဝါသနာရှင်) (အထူးဆု(၂))

(၇၉)နှစ်မြောက် တပ်မတော်နေ့ကဗျာဝါသနာရှင်အဆင့်ပြိုင်ပွဲမှာ အထူးဆုအနေနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ကဗျာအမျိုးအစားကတော့ လင်္ကာကဗျာအမျိုးအစားဖြစ်ပြီး ပြည်ချစ်တပ်မတော်ပွဲတိုင်းကျော် ကဗျာအမည်နဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။ (၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုစာမူပြိုင်ပွဲမှာ ညွန့်ဝင်း(နတ်တလင်း)ဆိုတဲ့ ကလောင်ရှင်တစ်ယောက်အနေနဲ့ ပါဝင်ရေးသားခဲ့ပါတယ်၊၊  တပ်မတော်က  နိုင်ငံတော်အတွက်  ကျရာအခန်းကဏ္ဍကနေ ခေတ်အဆက်ဆက်မှာ   တာဝန်ယူဆောင်ရွက်ခဲ့တဲ့အကြောင်းတွေကို  အလင်္ကာကဗျာဖွဲ့ပြီးရေးသားခဲ့တာပါ။   တပ်မတော်ရဲ့  အခန်းကဏ္ဍဆောင်ရွက်တဲ့အခါမှာ ဒီလိုစာပေကဏ္ဍအနေနဲ့ ထည့်သွင်းပြိုင်ပွဲ

ကျင်းပပေးတဲ့အတွက်  ကောင်းပါတယ်။ ဆုတွေကိုလည်း တစ်တပ်တစ်အားချီးမြှင့်နိုင်အောင်  ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့က ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။  လူငယ်လူရွယ်များ လက်ရှိနိုင်ငံတော်အကျိုးကို   ဆောင်ရွက်တဲ့အခါမှာ မှန်ကန်တဲ့အတွေးအခေါ် အသိအမြင်လေးတွေကိုရရှိပြီး   နိုင်ငံတော်အပေါ်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ အမိနိုင်ငံတော်အကျိုးကို တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေလည်း ဘေးရန်ကင်းရှင်းပြီး တာဝန်တွေကို ဆတက်ထမ်းပိုးပြီး ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။

ကျော်လွင်၊ လဲ့ရည်လှိုင်