မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၃

၂ဝ၂၅   ခုနှစ်မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ဒုတိယအကြိမ်တိုင်းဒေသကြီးနှင့်ပြည်နယ် အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ    ဖွင့်ပွဲအခမ်း အနားကို ဇန်နဝါရီလ ၂၂  ရက်က ရန်ကုန် တိုင်းဒေသကြီး    မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ    အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့  မြန်မာဘော်လီ ဘောလူမှုရေးအသင်းဥက္ကဋ္ဌ   ဦးရဲနိုင်၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန် တိုင်းဒေသကြီး  အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းသန်း၊ မြန်မာဘော်လီဘောအသင်း အမှုဆောင်များနှင့်အသင်းဝင်များ၊ ပြိုင်ပွဲဝင်အသင်း များမှ အားကစားသမားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများကကွင်းအတွင်း   နေရာယူကြကာမြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲ နိုင်က  အမှာစကားပြောကြားပြီး  ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမား များက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲတွင် အမျိုး သားအသင်း ၁၀ သင်း၊ အမျိုးသမီးအသင်း လေးသင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။