တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၁၁၉ နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပ

 

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၁၁၉ နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၂၅

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ ၁၁၉ နှစ် ပြည့်အထိမ်းအမှတ်ပွဲတော်  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ကျင်းပရာ  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးခင်မောင်ရီ၊   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်) ၁၁၉ နှစ်ပြည့်အထိမ်း  အမှတ်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အား ပြည်တွင်း ပြည်ပဧည့်သည်များ စိတ်ချမ်းမြေ့စွာအပန်း ဖြေအနားယူနိုင်စေရန်၊ သဘာဝပတ်ဝန်း ကျင်၊ ‌ဂေဟစနစ်နှင့် တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိ ပညာတိုးပွားစေရန်၊ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင် ရာလေ့လာမှုနှင့် သုတေသနများဆောင် ရွက်နိုင်စေရန်၊ မျိုးတုံးမည့်အန္တရာယ်ရှိ သော တောရိုင်းတိရစ္ဆာန်များ မျိုးဆက် ပြန့်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် ပြသပေးလျက်ရှိကြောင်း၊ ဥယျာဉ်အတွင်း နို့တိုက်သတ္တဝါ ၄၄ မျိုး၊ ကျေးငှက် ၇၁ မျိုး၊ တွားသွားသတ္တဝါ ၂၀ မျိုး စုစုပေါင်းမျိုးစိတ် ၁၃၅ မျိုးဖြင့် အကောင်ရေ ၁၄၀၀ အပြင် သဘာဝသမိုင်းပြတိုက်၊ ဆင်ပြတိုက်တို့ကို လည်း ပြသပေးလျက်ရှိကြောင်း၊ ယခု ၁၁၉ နှစ်ပြည့်မြောက်ပြီဖြစ်သော တိရစ္ဆာန်ဥယျာဉ် သည် ဂုဏ်ယူစရာနေရာတစ်ခုဖြစ်သည့်အပြင် သဘာဝ‌ဂေဟစနစ်နှင့် တောရိုင်း  တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရာ  နေရာတစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာ အဆင့်မီပြီး   အဆင့်အတန်းမြင့်အောင် ဆက်လက်ဆောင်ရွက်သွားရန်နှင့် နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့စေရေး အားလုံးကဝိုင်းဝန်းထိန်းသိမ်းသွားရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် တိရစ္ဆာန်ဥယျာဉ်အတွင်း ပြကွက်တစ်ခုချင်းအလိုက်   ပြသထားမှု၊ ဥယျာဉ်အတွင်း ၁၁၉ နှစ်ပြည့်အထိမ်းအမှတ် ပွဲတော်ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချနေမှုနှင့် ဥယျာဉ်သာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကို   လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး သည် ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ရွှေသံသာဟိန်းသစ်အချောထည် စက်ရုံနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် တောင်ဒဂုံစက်မှုဇုန် (၂) ရှိ Glorious Family ကြိမ်အချောထည်စက်ရုံတို့သို့ သွားရောက်၍ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။