မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကျင်းပ

မိတ္ထီလာ    ဇန်နဝါရီ    ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိမိတ္ထီလာတက္ကသိုလ်၏    မိုးလုံလေလုံအားကစားခန်းမ၌  ၂ဝ၂၄-၂ဝ၂၅  ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇  ရက်နံနက်ပိုင်းတွင်ကျင်းပကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာဘဟန်က  အမှာစကားပြောကြားသည်။ ဆက်လက်၍ အမျိုးသားဘော်လီဘောပြိုင်ပွဲကိုကျင်းပရာ ရူပဗေဒအသင်းနှင့်ဝိဇ္ဇာညွန့်ပေါင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပါမောက္ခချုပ် ဒေါက်တာဘဟန်၊  ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်းနှင့်တာဝန်ရှိသူများ၊  ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးသည်။

အဆိုပါ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်းကိုးသင်းနှင့်အမျိုးသမီးအသင်းကိုးသင်းပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကိုဇန်နဝါရီလ၃ဝ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။