ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် အွန်နရီ၏ သွင်းဂိုးစံချိန်ကို ဆာလက်ချ်ကျော်ဖြတ်ပြီး အဆင့်(၇)နေရာသို့ ရောက်ရှိလာ
လန်ဒန် ဇန်နဝါရီ ၂၇
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်း ဂိုးအများဆုံးကစားသမားစာရင်းတွင် အာဆင်နယ် အသင်းဂန္ထဝင်ကစားသမားဟောင်း အွန်နရီ၏သွင်း ဂိုးစံချိန်ကို ဆာလက်ချ်က ကျော်ဖြတ်ပြီး အဆင့် (၇)နေရာသို့ ရောက်ရှိလာကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၃) အဖြစ် ကစား သည့် လီဗာပူးအသင်းက အစ်ဝှစ်ချ်အသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသောပွဲစဉ်၌ ပွဲချိန် ၃၅ မိနစ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁၇၆ ဂိုးအထိရှိ လာပြီး အွန်နရီ၏သွင်းဂိုးစံချိန်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆာလက်ချ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမ အကြိမ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ချယ်လ်ဆီးအသင်းနှင့်အတူ ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ရိုးမားအသင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူး အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ဒုတိယအကြိမ်ကစားခဲ့ရာ၌ လီဗာပူး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ထိပ်တန်းကစားသမားတစ်ဦး အဖြစ်ပါ ရပ်တည်နေသူဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် နယူးကာဆယ် အသင်းကစားသမားဟောင်း အလန်ရှီးယားက သွင်းဂိုး ၂၆၀ ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ၎င်း၏နောက် တွင် စပါးအသင်းကစားသမားဟောင်း ဟယ်ရီကိန်း က ၂၁၃ ဂိုး၊ မန်ယူအသင်းကစားသမားဟောင်းများ ဖြစ်သည့် ရွန်းနီက ၂၀၈ ဂိုး၊ အင်ဒီကိုးလ်က ၁၈၇ ဂိုး၊ မန်စီးတီးအသင်းကစားသမားဟောင်း အဂူရိုက ၁၈၄ ဂိုး၊ ချယ်လ်ဆီးအသင်းကစားသမားဟောင်း လမ်းပတ် က ၁၇၇ ဂိုး၊ ဆာလက်ချ်က ၁၇၆ ဂိုး၊ အွန်နရီက ၁၇၅ ဂိုး၊ လီဗာပူးအသင်းကစားသမားဟောင်း ဖောင် လာက ၁၆၃ ဂိုးနှင့် စပါးအသင်းကစားသမားဟောင်း ဒီဖိုးက ၁၆၂ ဂိုးဖြင့် ထိပ်ဆုံး ၁၀ ဦးစာရင်း၌ ရပ်တည် လျက်ရှိကြသည်။
ဆာလက်ချ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်းသွင်းဂိုး ၅၁ ဂိုးဖြင့် အွန်နရီ၏ချန်ပီယံလိဂ်သွင်းဂိုး စံချိန်ကို ကျော်ဖြတ်ထားနိုင်ခဲ့ကြောင်း သိရသည်။