​​​​​​​လူတစ်ဦးအတွက် ဒေါ်လာသန်း ၂၀ ကုန်ကျမည့် AI နည်းပညာသုံး မြေအောက်လူနေဘန်ကာ

လူတစ်ဦးအတွက် ဒေါ်လာသန်း ၂၀ ကုန်ကျမည့် AI နည်းပညာသုံး မြေအောက်လူနေဘန်ကာ

အမေရိကန်အခြေပြု SAFE ကုမ္ပဏီသည် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ AI နည်းပညာသုံး မြေအောက်လူနေဘန်ကာတစ်ခုကို တည်ဆောက်လျက်ရှိသည်။

အဆိုပါလူနေဘန်ကာတည်ဆောက်မည့် စီမံကိန်းကို Aerie ဟု အမည်ပေးထားပြီး   အမေရိကန်ပြည်ထောင်စု   ဗာဂျီးနီးယားပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစ၍ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။

SAFE ကုမ္ပဏီသည် အဆောက်အအုံများကို လုံခြုံရေးအတွက် အဓိကအာရုံစိုက်တည်ဆောက်သည့်  ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့၏မြေအောက်လူနေဘန်ကာကြီးကို ၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည်။

ယင်းဘန်ကာအတွင်း၌ ရေကူးကန်တစ်ခု၊ စက်ရုပ်နည်းပညာသုံး ဆေးကုသခန်းများ၊  ဘိုးလင်းအားကစားရုံတစ်ခု၊ အမြင့်တက်လိုသူများအတွက်  အမြင့်သို့တက်လှမ်းနိုင်မည့်နံရံတစ်ခု၊ စားသောက်ဖွယ်ရာများကို နှစ်သက်သူများအတွက်လည်း ထူးခြားသည့်အစားအစာများရရှိနိုင်သည့် စားသောက်ခန်းတစ်ခု ပါဝင်မည်ဖြစ်ကြောင်း SAFE ကုမ္ပဏီ တည်ထောင်သူ   အယ်လ်ကော်ဘီကForbes မဂ္ဂဇင်းသို့ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ပြောကြားခဲ့သည်။

အဆိုပါလူနေဘန်ကာတွင် နေထိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဒေါ်လာသန်း ၂၀ ကုန်ကျမည်ဖြစ် သောကြောင့် ယင်းဘန်ကာအတွင်း၌ ငွေကြေးအလွန်ကြွယ်ဝသည့် လူ ၆၂၅ ဦးသာနေထိုင်နိုင်မည်ဖြစ်သော်လည်း SAFE ကုမ္ပဏီအနေဖြင့် ထိုကဲ့သို့လူနေဘန်ကာမျိုးကို အခြားပြည်နယ် ၅၀ တွင် ထပ်မံတည်ဆောက်ရန်     စီစဉ်လျက်ရှိသည်။