ဆင်ဖြူကျွန်းမြို့အနီးရှိ ကျေးရွာနှစ်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ဟု မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော် ၊ ၂၀၂၅ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့အနီးရှိ အုန်းတောရွာနှင့် ကညှပ်ရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ရေးသားဖြန့်ဝေ လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့်သတင်းမှာ သတင်းအမှား သာဖြစ်ကြောင်းသိရှိရပြီး အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလားဘဲ ငြိမ်းချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအား ငွေကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် အနိုင်ကျင့်ခြိမ်းခြောက်မှုများအား ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများအားမီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ များ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကိုအသုံးပြု၍ မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။