၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်(ကမ္ဘာအေး)၏ လေအရည်အသွေး အခြေအနေများ

 

၂၀၂၅  ခုနှစ်  ဇန်နဝါရီလအတွင်း ရန်ကုန်(ကမ္ဘာအေး)၏ လေအရည်အသွေး အခြေအနေများ

 

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသည် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်(ကမ္ဘာအေး)ရုံး၌ ဂျပန်နိုင်ငံ၊ Asia Center for Air Pollution Research (ACAP) နှင့် Clean Air Asia တို့၏ ကူညီထောက်ပံ့မှုဖြင့် လေထုအတွင်း (2.5μg) နှင့်အောက် သေးငယ်သော အမှုန်အမွှားများ (Particulate Matter - PM) ပါဝင်မှုကို တိုင်းတာနိုင်သည့် အလိုအလျောက် PM2.5  Monitor စက်တပ်ဆင်၍ လေအရည်အသွေး (PM2.5) စောင့်ကြည့်တိုင်းတာခြင်း လုပ်ငန်းကို ၂၆-၃-၂၀၁၈ ရက်နေ့မှစ၍ ၂၄ နာရီ စောင့်ကြည့် တိုင်းတာလျက်ရှိပါသည်။

ရန်ကုန်(ကမ္ဘာအေး)၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တိုင်းတာရရှိခဲ့သည့် PM2.5 တန်ဖိုးများကို လေအရည်အသွေး အညွှန်းကိန်း (Air Quality Index - AQI and Health Concerns) သတ်မှတ်ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဇန်နဝါရီလ ၁၊ ၁၂၊ ၁၈၊ ၃၀ ရက်နေ့နှင့်  ၃၁ ရက်နေ့တို့သည်  AQI Range 51-100 အတွင်းတွင် ရှိသောကြောင့်  အသင့်အတင့်အဆင့် (Moderate)၊ ၁၅ ရက်နေ့သည် AQI Range 151-200 အတွင်းတွင်ရှိသောကြောင့် ကျန်းမာရေးကိုထိခိုက်စေသောအဆင့် (Unhealthy) နှင့် ကျန်ရက်များသည် AQI Range 101-150 အတွင်းတွင်ရှိသောကြောင့် ခံနိုင်ရည်နည်းပါးသောအုပ်စုများအတွက် ကျန်းမာရေးကိုထိခိုက်စေသောအဆင့် (Unhealthy for Sensitive Groups) ဖြစ်ကြောင်း တွေ့ရှိရပါသည်။

တိုင်းတာရရှိခဲ့သည့်မှတ်တမ်းများအရ ဇန်နဝါရီလအတွင်း ရန်ကုန်(ကမ္ဘာအေး)၏ လေအရည်အသွေးမှာ အသင့်အတင့်အဆင့်၌ ၅ ရက်၊ ခံနိုင်ရည်နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးကို ထိခိုက်စေသော အဆင့်၌ ၂၅ ရက်နှင့် ကျန်းမာရေးကို ထိခိုက်စေသောအဆင့်၌ ၁ ရက်ရှိနေကြောင်း သုံးသပ် တွေ့ရှိရပါသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန