(၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

(၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

တောင်တွင်းကြီး   ဖေဖော်ဝါရီ   ၄

     မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌  (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ(၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပရေး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက ယခင်နှစ်များတွင် မကွေးတိုင်းဒေသကြီးအတွင်း ကျင်းပပြီး ယခုနှစ်တွင် တောင်တွင်းကြီးမြို့နယ်   ရန်ပယ်အားကစားကွင်း၌ ကျင်းပနိုင်ရန်  ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊  အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများ အနေဖြင့်လည်း  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ချင်းအမျိုးသား အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း  ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာသူများက  လိုအပ်သည်များကို တင်ပြရာ  တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။