တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန စာသင်ကျောင်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

 

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန စာသင်ကျောင်းများ၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

 

ကန်ကြီးထောင့်   ဖေဖော်ဝါရီ    ၄

      ဧရာဝတီတိုင်းဒေသကြီး  ကန်ကြီးထောင့်မြို့နယ်၌  မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်စာစစ်ဌာန စာသင်ကျောင်းများသို့  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီး ဌာနဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊   မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပါဝင်သော  ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍  စာသင်ကျောင်းဆောင်များ၊  ဝန်ထမ်းအိမ်ရာများ၌  မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်အသုံးပြုလျှင် ဂရုစိုက်ဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများဆောင်ရွက်ထားရှိမှုများ စသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများအား  ဆွေးနွေးမှာကြားသည်။

ထို့နောက် တာဝန်ရှိသူများက မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။