မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူး တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၄
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှူး၊ ဥတ္တရခရိုင် မီးသတ် ဦးစီးမှူးနှင့် မီးသတ်ဦးစီးမှူးရုံး အင်ဂျင်နီယာအဖွဲ့တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြတ်သီဟနှင့် ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်တို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများကို Power Point ဖြင့် အသီးသီးရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် အတူ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး လက်တွေ့ပါဝင်စမ်းသပ် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။