မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီး၌ ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပမည်
မြိတ် ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီး၌ ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲကို ထီးတော်မှကျည်းဝင်းအထိ ၉ ပေ၉ လက်မပတ်လည် ရွှေစင်ရွှေပြားများဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
အလှူရှင်စေတနာရှင်များမှ လှူဒါန်းကြသည့် ရွှေစင်ရွှေပြားများနှင့် မျက်ပါးရွှေဆိုင်းများကို ၁၃၈၆ ခုနှစ် တပေါင်းလပြည့်နေ့တွင် စေတီတော်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများက ရေစက်သွန်းချ အမျှပေးဝေပြီးစေတီတော်ကြီးကို တစ်ပတ်ပတ်ကာ အလှူရှင်များကိုယ်တိုင် ပန်းရထားဖြင့် စေတီတော်ကြီးပေါ်သို့ ဆွဲတင်၍ ကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း၊ ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့က သဒ္ဓါတရားထက်သန်စွာ လာရောက် လှူဒါန်းနိုင်ကြကြောင်း သိရသည်။