“မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar) ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရေးဆိုင်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်

 

“မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ (Practice of Thanakha Culture in Myanmar) ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရေးဆိုင်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၅  

“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice  of Thanakha  Culture in Myanmar) နှင့် ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည့် အချက်အလက်များနှင့်   စပ်လျဉ်း၍ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့ဝင်များနှင့်   ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌   Virtual  Online System ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးတင်ဦးလွင်၊  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စိစစ်ရေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊   မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်   အနုပညာတက္ကသိုလ် ရန်ကုန်၊ မန္တလေးတို့မှ တာဝန်ရှိသူများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ “မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့”(Practice of Thanakha Culture in Myanmar)ကို   ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရာတွင် ဘက်စုံထောင့်စုံပြည့်ပြည့်စုံစုံဖြင့် ဟာကွက်မရှိအောင်     ရေးသားပြုစုပြီး တင်သွင်းသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ  နှစ်သက်ခုံမင်စွာ ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အဆက် သုံးစွဲလာခဲ့သည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို   ၂၀၂၅ ခုနှစ်တွင် UNESCO တင်သွင်းမည်ဖြစ်ကြောင်း၊  မြန်မာတိုင်းရင်းသားများသာမက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အခြားလူမျိုးများပါ သနပ်ခါးကို    နှစ်ခြိုက်စွာ အသုံးပြုကြကြောင်း၊  နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသည့်အနေဖြင့် နိုင်ငံတော်အစိုးရကလည်း   နှစ်စဉ်တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့”အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့်၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်မတိုင်မီ ယူနက်စကိုအဖွဲ့သို့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းမည့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”(Practice of   Thanakha Culture in Myanmar)ကိုလည်း  မြန်မာ့ရိုးရာအတာသင်္ကြန်ကဲ့သို့    အောင်မြင်စွာတင်သွင်းနိုင်ရေး၊ လစ်ဟာမှုမရှိရန် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း   ပြောကြားသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဒေါ်နုမြဇံက “မြန်မာ့သနပ်ခါး   ယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကို အောင်မြင်စွာ အသိအမှတ်ပြုတင်သွင်းနိုင်ရန်  လိုအပ်သည့် အချက်အလက်များကို       အကြံပြုပေးကြရန် အစည်းအဝေး   ပြုလုပ်ခြင်းဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီအတွင်းရေးမှူးနှင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပညာရှင်အဖွဲ့ အတွင်းရေးမှူးတို့က  မြန်မာ့သနပ်ခါး၏ ဒြပ်မဲ့ယဉ်ကျေးမှု  အမွေအနှစ်စာရင်းကို UNESCO သို့ တင်သွင်းရန် ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့ဝင်များက  မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား    UNESCO ICH တင်သွင်းခြင်းနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန္ဒာခင်တို့က “မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့” (Practice of Thanakha Culture in Myanmar)နှင့်ပတ်သက်၍ သက်ဆိုင်သည့် အချက်အလက်များကို   ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြကြောင်း သိရသည်။