အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque အား ဒုတိယဝန်ကြီး ဦးစိုးကြည် လက်ခံတွေ့ဆုံ

 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque အား ဒုတိယဝန်ကြီး ဦးစိုးကြည် လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၅

    လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ICRC တို့အကြား မိုင်းအန္တရာယ် ဂရုပြုရေးနှင့် ဘေးကင်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ ယင်းလုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအား အကူအညီပေးနိုင်ရေး ကိစ္စများ၊ မိုင်းဒဏ်သင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင် ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် ICRC ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။