မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး
ဟိုပုံး ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို ဖေဖော်ဝါရီလ ၆ ရက်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ဟိုပုံး မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များ အား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (PCV)၊ ဝက်သက်၊ ဂျိုက်သိုး၊ ငါးမျိုးစပ်ကာကွယ် ဆေး (ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်း ရောင်အသားဝါ(ဘီ) - ဦးနှောက်အမြှေး ရောင်)များကို ထိုးနှံတိုက်ကျွေးပေးပြီး ကလေးငယ်များအား အပူချိန်တိုင်းတာ ခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံတိုက် ကျွေးခြင်းကို လစဉ် လဆန်း ၆ ရက်နှင့် ၇ ရက်တို့တွင် မွေးကင်းစမှ အသက်နှစ်နှစ် အောက်ကလေးငယ်များအား ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။