စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

 

စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

 

အောင်လံ   ဖေဖော်ဝါရီ   ၈

    မကွေးတိုင်းဒေသကြီး   အောင်လံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   အောင်လံမြို့နယ် ရွာထောင်ရပ်ကွက်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို  ဖေဖော်ဝါရီလ ၇ ရက်နံနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားတွင်  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင်က   အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့တို့ကို   ဆုများအသီးသီးပေးအပ်ပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍   မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက   သင်တန်းကျောင်းဆောင်သစ် ကမ္ပည်းမော်ကွန်းအား  အမွှေးနံ့သာရည်များ  ပက်ဖျန်းသည်။

ထို့နောက်   ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြပြီး စိုက်ပျိုးပညာပေးရေးနှင့်  ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းဆောင်သစ်နှင့်စပ်လျဉ်းသည့် မှတ်တမ်းများကို  တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သင်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲ      အမှတ်တရလက်ဆောင်များ  ပေးအပ်ကြောင်း   သိရသည်။