ဧရာဝတီမြစ်ရေတိုက်စား ကမ်းပြိုမှုကာကွယ်ရေး ကမ်းထိန်းတမံ တည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကြည့်ရှုစစ်ဆေး
ရန်ကုန် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ကမ်းပါးရှိ အိပ်ပျက်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးအတွက် ကမ်းထိန်းတမံ တည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဧရာဝတီမြစ်အတွင်းမှ ရေယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးစဉ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဧရာဝတီမြစ်ကမ်းပါးဘေးရှိ အုန်းကုန်းကျေးရွာ ရေတိုက်စားကမ်းပြိုမှုနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ထိရောက်အကျိုးရှိစေသည့် ရေရှည်အစီအမံများ (Master Plan) သေချာလေ့လာရေးဆွဲပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။