(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဖူဆယ်ပြိုင်ပွဲ ကျင်းပလျက်ရှိ

 

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဖူဆယ်ပြိုင်ပွဲ ကျင်းပလျက်ရှိ

 

ဟိုပုံး   ဖေဖော်ဝါရီ   ၈

     ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌   (၇၈)    နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို  ဖူဆယ်ပြိုင်ပွဲကို  ဖေဖော်ဝါရီလ  ၈  ရက်မှစ၍   မြို့ဦး ကွက်သစ်ရပ်ကွက်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပလျက်ရှိသည်။

အဆိုပါဖူဆယ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်မှ ၁၂ ရက်အထိ  ကျင်းပလျက်ရှိပြီး စုစုပေါင်းအသင်း ၁၁ သင်းပါဝင်ယှဉ်ပြိုင်ကြသည်။ ယင်းပြိုင်ပွဲ၌  အုပ်စုအဆင့်တွင် ခုနစ်ပွဲကျင်းပမည်ဖြစ်ပြီး   တစ်ပွဲလျှင် တစ်ပိုင်း မိနစ် ၂၀  နှုန်းဖြင့်   မိနစ် ၄၀ ကြာမြင့်ကာ     အသင်းတစ်သင်းလျှင်  အားကစားသမား ငါးဦးနှုန်းဖြင့် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် အုပ်စုအဆင့်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင်  ကွာတားဖိုင်နယ်အဆင့်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆီမီးဖိုင်နယ်အဆင့်နှင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်လုပွဲ ကျင်းပမည်ဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက် အထိ  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဝင်း အတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌    ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို လည်းကောင်း၊ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားရှေ့ရှိ  ကျောက်တိုင်ကွင်း၌     ဘော်လီဘောအားကစားပြိုင်ပွဲကို လည်းကောင်း  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။